spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစိုးရရဲ့ မလိုအပ်တဲ့အသုံးစရိတ်တွေကို လျော့ချဖို့ ပြည်နယ်လွှတ်တော်ကနေ တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်လွှတ်တော် အစည်းအဝေး မြင်ကွင်း

၂၀၂၀-၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ကယားပြည်နယ်ရဲ့ ဘဏ္ဍာငွေအရ အသုံးစရိတ်နဲ့ပတ်သက်ပြီး မလိုအပ်တဲ့ အသုံးစရိတ်ကိုလျော့ချပြီး အရေးတကြီးလိုနေတဲ့ ပြည်သူတွေ လိုအပ်ချက်ကို များများလုပ်ပေးဖို့ ပြည်နယ်အစိုးရကို ပြည်နယ်လွှတ်တော်မှ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီကနေ အထူးဦးစားပေး တိုက်တွန်းလိုက်ပါတယ်။

ဦးခင်မောင်ထွန််း(ခ)နော်အီးက “ပြည်နယ်မှာက တချို့ဌာနဆိုင်ရာ တချို့အစိုးရအဖွဲ့တွေပေါ့နော အရာရှိထက် ယာဉ်ပိုများတယ် ဥပမာ အရာရှိကနှစ်ယောက်ပဲရှိတယ်ဆိုရင် ယာဉ်ကသုံးစီး ဆိုတော့ တခါတလေ အဲဒီယာဉ်တွေမသုံးဘဲနဲ့ ပြင်ထိန်းစရိတ်တောင်းခံတာကိုတွေ့ရပါတယ် စက်သုံးဆီတွေကော ဆိုတော့ အဲဒီအချိန်မှာ အမှန်တကယ်သုံးလို့ ပြင်စရာရှိလို့ ပြင်သင့်လားမပြင်သင့်ဘူးလား မလေ့လာဘူး။ တချို့ကျတော်တို့တွေ့ရတာက ပြည်သူ့ငွေစာရင်းစောင့်ကြည့်ရေးအဖွဲ့ က တချို့မပြင်ဘဲနဲ့ပြင်တယ်လို့ပြောမှသူတု့ိ့ပုံမှန်ထုတ်တဲ့သဘောပေါ့နော သူများနဲ့တန်းတူဖြစ်ဖို့ ကျတော်တို့က နောက်အဲလိုမဖြစ်စေဖို့ ပြည်သူ့ငွေစာရင်းအနေနဲ့ သဘောက နည်းနည်းကြိုတင်အသိပေးတဲ့သဘောပါ”

ဖရူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဦးခင်မောင်ထွန်း(ခ)နော်အီးက နေပြီး

ဒီကနေ့ မေလ (၇)ရက်နေ့မှာ စတင်ကျင်းပနေတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးအပြီးမှာ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားခြင်းအပေါ် မီဒီယာတွေရဲ့မေးမြန်းမှုကို ၎င်းကရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်အစိုးရမှ ဖွဲ့စည်းထားတဲ့ ယာဉ်နှင့် စက်ပစ္စည်းများပြင်ဆင်ကြီးကြပ်ရေးကော်မတီမှ အသုံးစရိတ်ခွင့်ပြုပေးပြီး ထုတ်ယူသုံးစွဲတဲ့ ဌာနတွေက မော်တော်ယာဉ်တွေကို အမှန်တကယ် ပြင်ဆင်ခြင်း ရှိ/မရှိ နဲ့ မြေပြင်မှာ မောင်းနှင်ခြင်းရှိ/မရှိ ကို အလေးထားစစ်ဆေးပေးဖို့နဲ့ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေဖို့ ကူညီဆောင်ရွက်ကြဖို့ ထပ်မံ အကြံပြုတိုက်တွန်းထားပါတယ်။

ဘတ်ဂျက်လျာထားတဲ့နေရာမှာ စီမံခန့်ခွဲမှုအသုံးစရိတ် များပြားနေခြင်းနဲ့ ရုံးဝန်ထမ်းအိမ်ရာတည်ဆောက်ရေးတွေသာ များပြားနေတာကို လျော့ချပြီး ပြည်သူလူထုတွေကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမယ့် အသုံးစရိတ်တွေကို လျာထားဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

“နောက်ဆို ရှင်းရှင်းလင်းလင်းလုပ်ဖို့ ပြီးတော့ အရေးမကြီးသေးရင်တော့ ကျတော်ထင်တယ် အရေးကြီးတဲ့ပြည်သူလူထု တိုက်ရိုက်လိုအပ်တဲ့ဟာကို အထူးဦးစားပေးဖို့ တိုက်တွန်းလိုပါတယ်” လို့ ဦးခင်မောင်ထွန်း(ခ)နော်အီးက ပြောပါတယ်။

ပြည်နယ်စာရင်းစစ်ချုပ်အနေနဲ့ အမှန်တကယ်တွေ့ရှိချက်တွေကို လာမယ့် အစီရင်ခံစာတွေမှာ လွှတ်တော်ကို တင်ပြပြီး သက်ဆိုင်တဲ့ ဌာနတွေကိုလည်း သတိပေးဖို့ ကော်မတီအနေနဲ့ အကြံပြုထားပါတယ်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ ကယားပြည်နယ်ရဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်မှာ ပါဝင်တဲ့ ဌာန၊ အဖွဲ့အစည်ရဲ့ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်အား ပြည်နယ်လွှတ်တော်မှ အတည်ပြုချက် ရယူဖို့အတွက် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်မှ ပြည်နယ်လွှတ်တော်ကို တင်သွင်းခဲ့ပြီး ၎င်းလျာထားချက်နဲ့ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီရဲ့ စိစစ်ချက်အစီရင်ခံစာအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက တင်ပြခဲ့တာဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာာရေးနှစ် ကယားပြည်နယ်ရဲ့ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်မှာ ဗဟိုအဖွဲ့အစည်း(၅)ဖွဲ့၊ ဦးစီးဌာန (၁၈)ဌာန၊ စည်ပင်သာယာရေးအဖွဲ့(၁)ဖွဲ့၊ စုစုပေါင်းဌာနအဖွဲ့အစည်း (၂၄)ဖွဲ့ ပါဝင်ပြီး ၎င်း (၂၄)ဖွဲ့ထဲမှ အစိုးရအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တွေဟာ အသုံးစရိတ်များနေတာကိုတွေ့ရှိရတယ်လို့ သိရပါတယ်။

ပြည်နယ်ရဲ့ရငွေအပိုင်းမှာ ငွေလုံးငွေရင်းရငွေနဲ့ အခွန်ရငွေ ကောက်ခံရရှိမှုမှာလည်း နည်းပါးသလို လျာထားချက်မှာလည်း အမှန်စာရင်းများထက် လျော့နည်းနေတယ်လို့ သိရပါတယ်။

ဇယား(၅)ပါ အခွန်များကိုကောက်ခံနေတဲ့ ဌာနတွေရဲ့ အခွန်လျာထားချက်မှာလည်း အလွန်လျော့နည်းနေတာကြောင့် စာရင်းစစ်ချုပ်အစီရင်ခံစာပါ အမှန်ရငွေနဲ့ အဆမတန်ကွာခြားနေတာကို ကော်မတီက တွေ့ရှိခဲ့ပါတယ်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ပထမနေ့ကို ဒီကနေ့ မေလ(၇)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှာ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး နှစ်ရက်တာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts