spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

ပြည်သူနဲ့ အတူပူးပေါင်းလာမယ့် တပ်မတော်သားတွေအတွက် လုံခြံမှုအာမခံကြောင်း KNDFဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

CDMပြုလုပ်လာတဲ့ တပ်မတော် တပ်သားတွေရဲ့ အသက်လုံခြုံမှုနဲ့ မိသားစုစားဝတ်နေရေးအတွက်ကတော့ အာမခံပေးသွားမှာ ဖြစ်တယ်လို့ (KNDF) B-02 က တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ပြောချင်တာက လူထုတွေကတော့ ဒီ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်တဲ့ တပ်မတော်တွေ ဆက်လက်ပူးပေါင်းဖို့အတွက် လူထုတွေကတော့ လုံခြုံတဲ့နေရာမှာ ထားထားပြီးသားပါပေါ့လေ။ အဲ့ကြောင့်မလို့ ရဲရဲရင့်ရင့်ပူးပေါင်းဖို့ လိုတယ်လို့ ကျနောပြောပြချင်ပါတယ်။” လို့(KNDF) B-02 က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) B-02တပ်ရင်းဆီကို စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းတစ်ခုက တပ်သားအဆင့်ရဲဘော်တစ်ဦး ပထမဆုံး လာရောက်ပူးပေါင်းလာပါတယ်။

“ ကျနော်တို့ကတော့ သူ့အတွက်က သူများတွေလိုမျိုး ပိုက်ဆံ သိန်းသုံး၊ လေးဆယ် ပေးတာမျိုးတွေ ကျနော်တို့ မတတ်နိုင်ပါဘူး။ကျနော်ကတော့ သူ့ရဲ့ အသက်လုံခြုံမှုနဲ့ သူ့မိသားစုရဲ့ စားဝတ်နေရေးအတွက်ကတော့ ကျနော် အာမခံထားတာပေါ့နော။ ကျနောက သူ့ကိုတော့ အကုန်လုံး အဲ့တာကို စောင့်ရှောက်မှုပေးပါတယ်ဗျ။ “

(KNDF) B-02တပ်ရင်းဆီကို ပူးပေါင်းလာတဲ့ CDMတပ်သားကတော့ ပထမဆုံးဖြစ်ပြီး ထပ်မံပူးပေါင်းပါဝင်လာဖို့ အမြဲတမ်းဖိတ်ခေါ်တယ်လို့ ဆက်ပြောပြပါတယ်။

လက်ရှိ ပူးပေါင်းပါဝင်လာတဲ့ အင်ဂျင်နီယာတပ်သားဟာဆိုရင် မိုင်းရှာတဲ့ခွေးထိန်း စစ်သားဖြစ်ပြီး လုပ်သက် နှစ်နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး KNDFဆီကို CDMတပ်သားတွေ ဆက်လက် ပူးပေါင်းပါဝင်လာကြဖို့ KNDF တာဝန်ရှိသူတစ်ဦးက အခုလို ပြောဆိုထားပါတယ်။

အခုလို ပူးပေါင်းလာတဲ့ CDMပြုလုပ်သူတွေကတော့ များလာပြီဖြစ်ပြီး သူတို့အတွက် KNDFအနေနဲ့ မူပေါ်လစီချမှတ်တာတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အဲ့တာနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိသေးတယ်လို့ သူက ဆက်ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts