spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံတပ်ရင်း(၂) ၁၀၀၆ တပ်ရင်း ထံ ထွက်ပြေးခိုလှုံလာတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း ( မ် )

ရန်ကုန်ပြည်လမ်းဘေးတစ်နေရာမှာ စပါးချွေနေရင်း လက်နက်ယူနီဖောင်း အ‌ပြည့်အစုံနဲ့ စစ်ကောင်စီတပ်သား(၇)ဦးခန့်က သေနတ်နဲ့ချိန်ရွယ်ကာ ပေါ်တာဆွဲခံရသူတစ်ဦးကတော့ ကိုမောင်ကျော်(နာမည်လွဲ)လည်း ပါဝင်သူတစ်ဦးပါ။

အဲ့ကနေဆင့် စစ်မှုထမ်းသင်တန်းကျောင်းကို နှစ်လကျော် တက်ရောက်ခဲ့ပြီး ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့ရှိ ခမရ (၄၂၂)တပ်ရင်းမှာ ပို့ဆောင်ခံခဲ့ရပါတယ်။

တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၀)ရက်နေ့မှာတော့ ဖယ်ခုံတပ်ရင်း(၂) ၁၀၀၆ တပ်ရင်း မှာ ဘက်ပြောင်းခိုလှုံလာခဲ့ပါတယ်။

spot_img
spot_img