ဖယ်ခုံမြို့နယ်ရှိ လတူးကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ

ကန္တာရဝတီတိုင်း(မ်) ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လတူးကျေးရွာတစ်လုံးကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူ တစ်ဦးထံက သိရပါတယ်။ ” မနေ့ည နေ့လည်ပိုင်းလောက်မှာ ဖြစ်သွားတာ စစ်ကောင်စီက အဲ့ဒီကျေးရွာထဲကို ဝင်ပြီးတော့ မီးရှို့သွားတာ။ ညနေပိုင်း တစ်နာရီဝန်းကျင်လောက် ရွာသားတွေပြေးနေတဲ့ အချိန်မှာ အဲ့ရွာထဲ ဝင်လာပြီးတော့မှ တစ်ရွာလုံးကို မီးရှို့လိုက်တာ ရွာအိမ်ခြေက ၃၀လား ၄၀လား အဲ့လောက်ရှိတယ်နော။ ” လို့ KNDF တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ မီးလောင်ပြီး ပြာကျသွားတဲ့ နေအိမ်တွေရှိသလို ပြာမကျပေမယ့် နေထိုင်လို့ မရတော့ အခြေအနေအထိ မီးလောင်သွားတဲ့ နေအိမ်တွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KA၊ KNDF ပူးပေါင်းတပ်တို့ ယမန်နေ့ … Continue reading ဖယ်ခုံမြို့နယ်ရှိ လတူးကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ