spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်အတွင်းက စစ်ရှောင်အဘွားအိုတစ်ဦး သေဆုံး၊ ဒေသခံ နှစ်ထောင်နီးပါး စစ်ဘေးရှောင်နေရ

ဓါတ်ပုံ – CJ

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကျေးရွာလေးရွာဖြစ်တဲ့ ရွှေပြည်အေး(ကသဲ) ကျေးရွာ၊ ခေါင်းအိကျေးရွာ၊ လွယ်လုံကျေးရွာ၊ လွယ်ဝှဲကျေးရွာ က ဒေသခံနှစ်ထောင်နီးပါး စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး စစ်ဘေးရှောင်နေတဲ အဘွားအိုတစ်ဦး သေဆုံးသွားတယ်လို့ KNDF ဖယ်ခုံဇုန် ထံကနေ သိရပါတယ်။

” အခုထိတော့ ကျနော်တို့ ရွာထဲကို တက်လို့မရသေးဘူး။ ဆုံးသွားတဲ့ အဘွားတစ်ယောက်ကလဲ။ ရွာထဲမှာပဲရှိတယ်။ ကျန်တဲ့လူကိုလည်း ရွေ့ထားပြီးပြီ လွယ်လုံဆိုတဲ့ ရွာတစ်ရွာကိုလည်း ထပ်ရွေ့ထားတယ်။ အခုလွယ်လုံမှာလည်း စစ်တပ်ကရောက်နေပြီ။ စစ်တပ်က လွယ်လုံတို့ ကသဲတို့မှာ ရောက်နေပြီ။ ကျနော်တို့ကလည်း ဒီဘက်အနီးအနားက ရွာတွေအကုန်လုံး ရွေ့ထားပြီးပြီ။ ” လို့ KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရွာမီးရှို့မယ်ဆိုတဲ့ သတင်းကြောင့် ရွှေပြည်အေး( ကသဲ) ကျေးရွာက အောက်တိုဘာ၂၇ရက်နေ့မှာ စစ်ဘေးရှောင်ခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ နိုဝင်ဘာလ ၂ရက်နေ့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လွယ်ဝှဲကျေးရွာနဲ့ လွယ်လုံကျေးရွာက ဒေသခံတွေ ထပ်မံတိမ်းရှောင်ခဲ့ပြီး အသက်၇၀အရွယ် အဘွားတစ်ယောက် ဆုံးသွားတယ်လို့ သိရပါတယ်။

ဒီကနေ့မှာလည်း စစ်ကောင်စီက လာရောက်တပ်စွဲနေတဲ့အတွက် ခေါင်းအိကျေးရွာက ဒေသခံတွေလည်း ထပ်မံတိမ်းရှောင်နေရတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၆လအတွင်း စစ်ကောင်စီနဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၁၀၀ကျော် ဖြစ်ပွားခဲ့ပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ အာဏာသိမ်းပြီး ၉လအတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသွားသူ ၉၂ ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။

spot_img
spot_img