spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်၊ စစ်ရှောင်စခန်းက စာသင်ကျောင်းတွေမှာ ‌ကျောင်းသင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ ကိုယ်ထူကိုယ်စစ်ရှာင်စခန်းက စာသင်ကျောင်းအများစုမှာ ကျောင်းဖွင့်လှစ်နေပြီဖြစ်ပေမယ့် သင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက်များနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေထံကနေ သိရပါတယ်။

“ဖယ်ခုံမြို့နယ်က ကျောင်းအတော်များများမှာ သင်ထောက်ကူပစ္စည်း မလုံလောက်တာတွေရှိတယ်။ ဆရာ၊ ဆရာမ ပံ့ပိုးပေးထားတဲ့ အသင်းအဖွဲ့ကိုယ်၌ကလည်း သင်ထောက်ကူပစ္စည်းကျ ကူညီပေးဖို့ အခက်အခဲရှိတာမျိုးတွေ့ရတယ်။ လက်ရှိ လမ်းကြောင်းအခြေအနေကြောင့် ပစ္စည်းမှာယူတဲ့နေရာမှာ ကြံ့ကြာတာမျိုးဖြစ်နိုင်သလို၊ ငွေကြေးအခက်အခဲကြောင့်လည်း သင်ထောက်ကူပစ္စည်းကို မထောက်ပံ့ပေးနိုင်တာမျိုး ဖြစ်နိုင်တယ်။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းနဲ့ ကျေးရွာတချို့တွေမှာတော့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်နေတာဖြစ်ပြီး လိုအပ်ချက်တွေ များပြားနေတာဖြစ်ပါတယ်။ လိုအပ်ချက်များစွာရှိတဲ့ကြားကနေ ကျောင်းသားမိဘတွေနဲ့ ပညာရေးဝန်ထမ်းတွေ စုပေါင်းပြီး စာသင်ကျောင်းကို ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

စာသင်ကျောင်း လိုအပ်ချက်နဲ့ ပတ်သက်ပြီး လက်လှမ်းမီတဲ့ ကျေးရွာ နဲ့ စစ်ရှောင်စခန်းကနေ တောင်းဆိုမှုတွေရှိနေတယ်လို့
ကယန်းအမျိုးသမီးအဖွဲ့အစည်း (KyWO) ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စစ်ရှောင်စခန်းမှာက ဖွင့်တဲ့ကျောင်းတွေလည်းရှိတယ်။ တချို့ကျေးရွာတွေမှာလည်း ဖွင့်ထားတဲ့ ကျောင်းတွေလည်း ရှိတာပေါ့နော်။ ကျောင်းသင်ထောက်ကူပစ္စည်းတွေ၊ ကျောင်းပရိဘောဂတွေ၊ စာရေးကိရိယာတွေက ကျောင်းတိုင်းလိုလို အခက်အခဲဖြစ်နေတာကိုလည်း တွေ့ရတယ်။ အဲ့ထဲမှာမှ ကျမတို့ လက်လှမ်းမှီရောက်ရှိတဲ့ ကျေးရွာတွေ စခန်းတချို့ရဲ့ တောင်းဆို အကြုံပြုလာချက်အရ သိရတာပေါ့နော် လိုအပ်ချက်တွေက”လို့ KyWO ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စာသင်ကျောင်းဆောင် ထိမှန်ပြီး ပျက်စီးခဲ့ရပါတယ်။ ၂၀၂၄-၂၀၂၅ စာသင်နှစ်အတွက် စစ်ရှောင်စခန်း နဲ့ ကျေးရွာအများစုမှာ စာသင်ကြားနေပေမယ့် တိုက်ပွဲဖြစ်ပွားမှု နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖယ်ခုံမြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေမှာတော့ စာသင်ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းပေါင်း ၃၀ ဝန်းကျင်ရှိပြီး ကျောင်းသားဦးရေ ၂၀၀၀ ကျော်ရှိတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် အဖွဲ့ရဲ့ ပညာရေးဌာနထံကနေ သိရပါတယ်။

spot_img
spot_img

Recent posts