spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့ပေါ်က စစ်ကောင်စီ တပ်နဲ့နီးတဲ့ နေအိမ်တွေမှာ ခိုးယူခံရမှုများလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ပေါ်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးတဲ့ နေရာတွေမှာ ဒေသခံတွေရဲ့ ပစ္စည်းတွေ ခိုးယူခံရမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

” ပစ္စည်းအသုံးဝင် ရောင်းလို့ရတဲ့ဟာဆိုရင် သူတို့တွေ အကုန်ယူလိုက်တယ်။
အခိုးခံရတာ ဒီစစ်ကောင်စီတပ်တွေနဲ့ နီးစပ်တဲ့နေရာမှာ မြို့ထဲမှာ နီးတဲ့ အိမ်ဆို ပိုခိုးခံရတယ်။ ” လို့ ဖယ်ခုံ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ္စည်းတွေ လိုက်လံခိုးယူနေသူတွေဟာ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း များပြားလာပြီး နောက်ဆက်တွဲအနေနဲ့ နေအိမ်ဖောက်ထွင်းမှု၊ ခိုးယူမှုတွေလည်း မကြာခဏ မြင်တွေ့၊ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျမအိမ်ဘေးက တစ်ယောက်ဆိုရင် ဘယ်လောက်ထိ ဆိုးဝါးလဲဆိုတော့ ကြောင်တောင်တောင်နဲ့ သူများအိမ်တက်ပြီးမှ ဆိုင်ကယ်ဒူးကာတွေ သူ ယူပြီးမှ သူပြန်သွားရောင်းတယ်ပေါ့နော်။ နောက် အခု သူများဖမ်းထားတယ်လေ။ လက်မှာ ကြက်ခြေခတ်ထားတယ်။ အဲ့တာလည်း သူပြေးလို့ ရတာပဲကော” လို့ ဆိုပါတယ်။

နေအိမ်ပစ္စည်းခိုးယူသူတွေထဲ ဖမ်းဆီးရမိတဲ့သူတချို့ကို လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လက်ထဲ အပ်နှံပေမယ့် ပြန်လွှတ်လာတဲ့အခါမှာ ထပ်မံခိုးယူသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကိုလည်း လမ်းမှာတွေ့နေရတာကြောင့် တစ်ဦးထဲသွားလာဖို့ ကြောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖယ်ခုံမြို့နယ်အတွင်းမှာ တိုက်ပွဲမကြာခဏဖြစ်ပွားနေတာကြောင့် ဖယ်ခုံမြို့ပေါ်မှာ စစ်ရှောင်နေရတဲ့သူတွေလည်းရှိပြီး အဆင်မပြေမှုကြားက ခိုးယူမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts