spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုတိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့မရဲစခန်းရှိ စစ်ကောင်စီတပ် နဲ့ ထီးကလူဒေါ ကျေးရွာမှာ အင်အား ၃၀ ကျော် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၂ရက်နေ့ ညနေပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၁၅ က အောက်တိုဘာလ ၂၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထိတွေ့တိုက်ပွဲ တစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ထဲက ဝံပုလွေပျောက်ကျားတပ်ဖွဲ့မှ အသက်၂၀ ဝန်းကျင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက် တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားတယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးတဲ့နောက် ဖရူဆိုအခြေစိုက် စစ်ကောင်စီတပ်ဖက်ကနေပြီး လက်နက်ကြီး ပစ်ခတ်တာတွေရှိခဲ့ပြီး သီးနှံရိတ်သိမ်းနေရတဲ့ ကာလဖြစ်တဲ့အတွက် ဒေသခံ ပြည်သူလူတွေအနေနဲ့ လက်နက်ကြီးထိမှန်မှာကို စိုးရိမ်မှုတွေ ရှိကြပါတယ်။ ဖရူဆိုမြို့ ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သားတွေကနေပြီး ပြည်သူပိုင် ကျွဲ၊ နွား၊ ကြက်တွေကို ခိုးယူ သတ်ဖြတ်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အောက်တိုဘာလ ၂၂ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ KNDF B (15) ၊ B (04) ၊ KA နဲ့ ဝံပုလွေပျောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အောက်တိုဘာလအတွင်း ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော၊ မိုးဗြဲမြို့တွေမှာ နှစ်ဖက်တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts