spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်က စစ်ရှောင်စခန်းတချို့မှာ ရင်ကြပ် လက္ခဏာ တွေ အဖြစ်များ၊ ၂နှစ်အောက်ကလေးငယ် တစ်ဦးသေဆုံးတာရှိခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသမှာရှိတဲ့ စစ်ရှောင်နဲ့ ဒေသခံတွေဟာ ရင်ကြပ်လက္ခဏာကို ခံစားနေကြရတယ်လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ အထူးသဖြင့် မိုးတွင်း ကာလနဲ့ ဆောင်းတွင်းကာလတွေမှာ ယခုလို ရင်ကြပ်တဲ့ လက္ခဏာတွေကို ကြုံတွေ့ခံစားကြရတယ် လို့ ဆိုပါတယ်။

“ဒေသခံကော စစ်ရှောင်ကောအဖြစ်များကြတယ်၊ ပြီးတော့ဒေသခံမှာ အဖြစ်များဆုံးတခုကတော့ ကလေးကောလူကြီးကော ရင်ကြပ်တာများတယ် ၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ဒီဖက်ကအအေးပိုင်းဒေသဖြစ်ကျတော့ မီးဖိုဘေးမှာပဲအိပ်ကျတော့ မီးခိုးငွေ့တွေ အများကြီးရှူမိတော့ ရှူမိတဲ့အချိန်ကျလို့ရှိရင် ကလေးဆိုရင် နေမကောင်းဖြစ်တာနဲ့ ဆေးရုံမှာရောက်လာတဲ့ အချိန်ဆိုရင် အောက်ဆီဂျင်တော်တော်များနဲ့ ဆေးရှူရတာပေါ့ ၊ လူကြီးဆိုရင်လည်း ဒီနောက်ပိုင်း အဖြစ်များလာတာလည်းတွေ့ရတာပေါ့”လို့ စစ်ရှောင်စခန်းတစ်ခုရဲ့ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ရင်ကြပ်တဲ့ လက္ခဏာကို ၅နှစ်အောက်ကလေးငယ်တွေမှာ ပိုမိုတွေ့ရှိရပြီး ပြီးခဲ့တဲ့ ဧပြီလထဲမှာ ရင်ကြပ်လက္ခဏာနဲ့ ကလေးငယ် ၁ဦးသေဆုံးသွားတဲ့ ဖြစ်စဉ် ရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ငါးနှစ်အောက်ကလေးတွေက အဖြစ်များကြတယ်။ ပြီးတော့သူတို့က ဆေးရုံမှာ ငါးရက်တိတိ ပိုးသတ်ဆေးထိုးပြီးတော့ ဆေးတွေရှူရတယ်၊ ဆေးရုံဆိုလို့ရှိရင် အကြာဆုံးကတော့ နှစ်ပတ်ပေါ့နော။ အသက်ကြီးတွေကတော့ အခြေနေဆိုးရင်ဆိုးသလို နှစ်ပတ်ကနေ သုံးပတ်ပေါ့နော်။ အ့လောက်ထိတက်ရတယ်ပေါ့။” လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

အဆိုပါ ရင်ကြပ်ရောဂါဟာ ဆေးပညာအရ ဓာတ်မတည့်တာ၊ အသက်ရှုလမ်းကြောင်း ပိုးဝင်တာ၊ လုပ်ငန်းခွင်ထိတွေ့မှုတွေကြောင့် ကူးစက်တာ ၊ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေ ရူရှိုက်မိတာ၊ လေထုညစ်ညမ်းမှုတွေ နဲ့ အဝလွန်ခြင်းကြောင့် ဖြစ်တတ်တယ်လို့ CDM သူနာပြု အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။

“သူ့ဖြစ်တဲ့ လက္ခဏာ ပြင်းထန်တဲ့ အပေါ်မူတည်တယ်။ ဘာဆေးဝါး၊ကုသမှုမှ မခံယူနိုင်ရင် အသက်ရှုပ်ကြပ်တာ ဖြစ်တဲ့အတွက် သေနိုင်တဲ့အထိတော့ဖြစ်တာပေါ့။“ လို့ သူက ပြောပါတယ်။

ဆောင်းတွင်းနဲ့ မိုးတွင်းကာလမှာ ရင်ကြပ်တဲ့လက္ခဏာကို ပိုမိုကြုံတွေ့ခံစားကြရပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ဆေးရုံကုတင်နေရာ မလောက်တဲ့အထိကြုံတွေ့ခဲ့သလို ဆေးဝါးပြတ်လပ်တဲ့ အထိပါဖြစ်ခဲ့တယ်လို့ စစ်ရှောင်ကော်မတီဝင် တစ်ဦးက ဆိုပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ မိုးရာသီနှင့်ဆောင်းရာသီ အချိန်တွေမှာ အအေးပိုလေ့ရှိတာဖြစ်ပြီး ဒေသခံတွေနဲ့ လာရောက်စစ်ရှောင်နေကြတဲ့ စစ်ရှောင်တွေ အတွက် အနွေးထည်၊ ခြုံစောင်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ် လို့ သိရပါတယ်။

spot_img
spot_img

Recent posts