spot_imgspot_imgspot_imgspot_img
Friday, September 20, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်မှာ (၁၀)ကြိမ်မြောက် ကယားရိုးရာစုပေါင်းအဲ့ဒိုပေါ်မီပွဲကို ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် တစ်နေရာမှာ (၁၀)ကြိမ်မြောက် ကယားရိုးရာ စုပေါင်းအဲ့ဒိုပေါ်မီပွဲကို ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ အဖွင့်အမှာစကားပြောကြားခြင်း၊ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲ ဖြစ်ပေါ်လာပုံ အကြောင်းပြောကြားခြင်း၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဖိတ်ကြားထားသောဧည့်သည်များမှ ဖားစည်တီးခတ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အစီအစဉ်တွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

ပြည်သူလူထုတွေကို ဝတ်စားဆင်ယင်မှုနဲ့ ရိုးရာဓလေ့အမွေအနှစ် မမှေးမှိန်သွားအောင် ပြန်လည်ချပြဖို့ ရည်ရွယ်တယ်လို့ ကယားစာပေနှင့်ယဥ်ကျေးမှုဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့ဥက္ကဌ ခူးဖဲညွှန့်ရယ်က ပြောပါတယ်။

“နိုင်ငံရေးမှာ ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှေ့ဆက် ဘယ်လိုဆက်သွားရမလဲ။ ပြီးရင်ကျနော်တို့ အမျိုးသားစည်းလုံးညီညွှတ်ရေးကို ကျနော်တို့ဘယ်လိုပြန်ဖော်ဆောင်ရမလဲဆိုတဲ့ ရည်ရွယ်ချက်တွေ ၊နောက်တစ်ခုက ကျနော်တို့ အမှတ်သားလက္ခဏာတွေ အရင်တုန်းက ကျနော်တို့ ချမှတ်ထားတဲ့ ဒီဆုံးဖြတ်ချက်တွေပေါ့နော၊ ဥပမာ- အမည်နာမတွေ ၊ဒီပွဲတော်တွေ၊ ပြီး ဝတ်စားဆင်ယင်မှုတွေကို ကျနော်တို့ ပြည်သူလူထုကို ပြန်ပြီးတော့ ချပြရခြင်းရည်ရွယ်ချက်ဖြစ်ပါတယ်။”လို့ သူကပြောပါတယ်။

ကယားလူမျိုးတွေရဲ့ ယဥ်ကျေးမှု ၊ ဓလေ့ထုံးတမ်း အစဥ်အလာ မပပျောက်သွားအောင် အဲ့ဒိုပေါ်မီပွဲကို ကျင်းပပြုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပြီး ဂုဏ်ယူရတယ်လို့ အဲ့ဒိုပေါ်မီပွဲတတ်ရောက်လာသူ ခူးတုတူက ပြောပါတယ်။

“ဒီပွဲတက်ရောက်လာတာကတော့ အရမ်းဝမ်းသာပါတယ်၊ အရမ်းလည်းပီတိဖြစ်တာပေါ့နော။ ဒီနိုင်ငံရေးမကောင်းတဲ့အကြားထဲကနေ ကိုယ့်ရဲ့လူမျိုးရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းတွေ မပပျောက်ဖို့အတွက်ပေါ့နော၊ ဦးဆောင်ဦးရွက်ကျင်းပပေးတဲ့ ဒီဖြစ်မြောက်ရေးကော်မတီကိုလည်း ကျေးဇူးတင်တယ်။နောက် ဒီပွဲကကျနော်တို့အတွက် လူမျိုးတစ်ခုရဲ့အရေးကြီးတဲ့ပွဲဖြစ်တာပေါ့နော၊ ဒါကြောင့်အခုလိုတတ်ရောက်ခွင့်ရတာလည်း အများကြီးဝမ်းသာပါတယ်၊ ဂုဏ်လည်းဂုဏ်ယူပါတယ်။”လို့ သူကပြောပါတယ်။

အဆိုပါ (၁၀)ကြိမ်မြောက် ကယားရိုးရာစုပေါင်း အဲ့ဒိုပေါ်မီပွဲကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ရွာဥက္ကဌများ၊ ဒေသခံများ၊ စစ်ရှောင်များ ပါဝင်ခဲ့ကြပြီး လူဦးရေ ၅၀၀ကျော် တက်ရောက်ခဲ့ကြပါတယ်။

spot_img
spot_img

Recent posts