spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်၊ ရောင်ခြည်ဦး စစ်ရှောင်စခန်းမှာ ကလေးငယ်များ အရေပြား ယားယံမှုတွေ အဖြစ်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရောင်ခြည်ဦး စစ်ဘေးရှောင်စခန်းတစ်ခုမှာ နေထိုင်ကြတဲ့ ကလေးငယ်တွေဟာ အရေပြားယားယံမှုတွေ ဖြစ်ပွားနေ ကြတယ်လို့ သိရပါတယ်။စတင်ဖြစ်ပွားတဲ့ အချိန်ကနေ လက်ရှိအချိန်ထိ ၂ လ ကျော်လောက်ရှိပြီလို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အသက် (၄၀) ကျော်အရွယ် စစ်ရှောင်အမျိုးသမီး တစ်ဦးက သူမရဲ့ ကလေး (၃) ယောက် အပြင် စခန်းတွင်းမှာ နေထိုင်ကြတဲ့ ကလေးငယ်တိုင်း အရေပြားယားယံမှုတွေ ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

“အကုန်လုံးဖြစ်တယ်။ လွတ်တယ်ဆိုလို့ တစ်ယောက်တစ်လေလောက်ပဲ ရှိတယ်။ အခု ကျမ ကလေးတွေဆို (၃) ယောက်စလုံးဖြစ်သွားပြီ”လို့ မိခင်တစ်ဦးက ပြောပါတယ်။

ကလေးငယ်တွေဟာ ကိုယ်ခံအားနည်းတာတွေကြောင့် အဆိုပါ အရေပြားယားယံမှုဖြစ်တဲ့အခါ အရေကြည်ဖုတွေထွက်တာ၊ နှာစေးတာ၊ ချောင်းဆိုးတာ၊ ကိုယ်ပူတာတွေပါ ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။ ကိုယ်ထူကိုယ်ထ ဆေးခန်းတစ်ခုကနေ paracetamol ၊ နှာစေး၊ ချောင်းဆိုး ပျောက်ဆေးလောက်နဲ့သာ ကုသမှုခံယူနေကြရတယ်လို့ ဆိုပါတယ်။

စတင်ဖြစ်ပွားတဲ့ အချိန်မှာ ဆေးဝါးမရှိလို့ ကုသမှုခက်ခဲတာတွေ၊ ကူးစက်မှုနှုန်း မြန်တာတွေကြောင့် ကလေးကို ကျောင်းမသွားခိုင်းရဲဘူးလို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

“စဖြစ်တဲ့ အချိန်ဆို ကျောင်းတောင်မလာခိုင်းရဲဘူး။ သူများကို ကူးမှာစိုးလို့ အခုတော့နည်းနည်း သက်သာပြီ။” လို့ ကျောင်းသား မိဘ တစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေဟာ ၃ ဆင့်ခန့် ထပ်ဆင့် ရွေ့ပြောင်းနေထိုင်ကြသူတွေဖြစ်ပြီး လူဦးရေ ၄၀၀ ကျော်ရှိကာ အိမ်ခြေ ၁၀၀ ကျော် စုပေါင်းနေထိုင်ကြပါတယ်။

spot_img
spot_img

Recent posts