spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် ကျေးရွာတစ်ရွာမှာ သောက်သုံးရေ ပြတ်လပ်မှုမရှိအောင် ရေချိုးဖို့ ပိတ်ပင်ထား

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ရွာမှာ ကျေးရွာခံတွေ ရေသိုလှောင်ထားတဲ့ကန်မှာ ရေပြတ်လပ်မှုမဖြစ်အောင် သောက်သုံးဖို့အတွက်သာ ခွင့်ပြုပြီး ရေချိုးသုံးစွဲဖို့ ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်က စတင် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

“နွေရာသီတော့ ရေအရမ်းရှားလာတယ်၊ လုံလောက်မှုမရှိဘူးပေါ့။ လူဦးရေကလည်း များတယ် လူများ ရေရှား။ အဲ့ဒါကြောင့် ရေတွင်းရေကန်မှာ ရေမချိုးဖို့ ပိတ်ပင်ထားလိုက်ရတယ်။” လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ရေချိုးခွင့်၊ စက်နဲ့ ရေသယ်ယူခွင့်ကို တစ်ပတ်မှာ နှစ်ရက် ခွင့်ပြုထားပေမဲ့ ဧပြီလအတွင်းမှာတော့ ရေလှောင်ကန်မှာ ရေမလာတော့တာကြောင့် အခုလို ပိတ်ပင်ထားလိုက်တယ်လို့ ဆိုပါတယ်။

” ရေချွေတာရတယ် ရေချိုးချင်သလို ချိုးလို့မရဘူး။ တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ ချိုးရတယ်။ ပုံးဝါ တစ်ပုံးလောက်ပဲ ရေချိုးရတယ်။ တချို့ ရေသွားခပ်တာ မျက်နှာသစ်ရင် အောက်က ပုံးတွေနဲ့ ခံထားရတယ်။ အဲ့ရေကို ပြန်ယူပြီးတော့ အဝတ်နဲ့ပြန်လျှော်တယ်၊ မဟုတ်ရင် အိမ်သာရေနဲ့ အသုံးပြုတာလည်း ရှိတာပေါ့။ ရေရှားနေတော့ ရေလုံလောက်တယ်ဆိုတာ မရှိဘူး။ အဲ့ဒါကြောင့် အခုလို ရေချွေတာနိုင်အောင် ပိတ်ထားလိုက်ရတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရေသိုလှောင်ကန်ဟာ နှစ်ပေါင်း ၆၀ သက်တမ်းရှိပြီး ရေဂါလံ (၁၇၀၀၀) ဆန့်တဲ့ သိုလှောင်ကန်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီကျေးရွာမှာ ကျေးရွာခံအပြင် ဖရူဆိုမြို့ပေါ် နဲ့ တခြားကျေးရွာက ဒေသခံတွေပါ လာရောက်ခိုလှုံနေထိုင်ကြပြီး စစ်ဘေးရှောင် အိမ်ခြေ ၅၀ ကျော်၊ လူဦးရေ ၁၉၀ ကျော်အထိ အသုံးပြုနေရတယ်လို့ သိရပါတယ်။

spot_img
spot_img