spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် ပြည်ပပြန် စောင့်ကြည့်ခံသူတွေအတွက် အစားအသောက်လိုအပ်နေ

Author

Date

Category

စိုးထိုက်အောင်၊ အန်ထောနီ

ဖရူဆိုမြို့နယ်ခန်းမ နဲ့လောဘူးဒါးကျောင်းမှာထားရှိတဲ့ ပြည်ပကနေပြန်လာတဲ့ ၁၄ရက် စောင့်ကြည့်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် အစားအသောက်တွေလိုအပ်နေတယ်လို့အလှူရှင်ဒေါ်စုစုအေးက ပြောပါတယ်။

ပြည်ပပြန် စောင့်ကြည့်ခံရတဲ့ သူတွေ စုစုပေါင်း ဖရူဆိုမြို့နယ်ထဲမှာ ၅၈ဦးနဲ့ကျန်းမာရေး၊ လုံခြုံရေးဝန်ထမ်းတွေ အတွက်ပါဆိုလျှင် လူဦးရေက ၇၀ လောက်ရှိတာမို့ ရရှိထားတဲ့ အလှူငွေတွေနဲ့ မလောက်ခဲ့ဘူးလို့ သိရပါတယ်။

“ လူဦးရေက ရောက်ရောက်ချင်း၂၈ရောက်ပဲလို့ကျမတို့သိတာလေ ၂၈ယောက်ဆိုတော့ ၁သိန်းနဲ့ဆိုကောင်းကောင်းချက်လို့လောက်တယ်ဆိုတော့ ၁သိန်း အလှူခံလိုက်ရော ည၁၁နာရီလောက်ကျမ အမရေ ၆၀စာလောက်လုပ်မှဖြစ်မယ်ဆိုတော့ မိုးလင်းလာတော့ စောင့်တဲ့ဆရာမတွေရောအခြားဝန်ထမ်းတွေ အတွက်ပါဆိုတော့ ၇၀ကျွေးရတာပေါ့နော် ဒီနေ့အတိ ၃ရက်စာလုံးကို ၁သိန်းနဲ့ ၇၀ စာလောက်အောင်ချက်လိုက်တယ် လောက်တော့မလောက်ဘူးလေနော်။”လို့ဖရူဆိုမြို့၊ ညောင်ဇင်ရပ်ကွက်မှာနေတဲ့ ဒေါ်စုစုအေးက ပြောပါတယ်။

လူအယောက် ၇၀စာအတွက် တစ်ရက်ကို ငွေ၁သိန်းနဲ့လောက်အောင်ချက်ပြုတ်နေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာလဲ Mack တွေ၊ လက်ဆေးဆပ်ပြာတွေတောင် မရှိသေးဘူးတဲ့အတွက် အလှူရှင်တွေလိုအပ်နေတာဖြစ်ပြီးတော့ အနီးနားကျေးရွာတွေက ဒေသခံတစ်ချို့ကလဲ တက်နိုင်သလောက်လိုအပ်တာတွေကို လှူဒါန်းပေးနေတယ်လို့သိရပါတယ်။

Covid 19 စောင့်ကြည့်လူနာတွေအတွက် အစားအသောက်နဲ့တစ်ခြားအခက်ခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပြည်နယ်ရဲ့အရေးပေါ်ရန်ပုံငွေနဲ့ပတ်သတ်ပြီးတော့ အစိုးရအဖွဲ့တွေက ဘယ်လိုတွေလုပ်ဆောင်နေပြီလဲဆိုတာနဲ့ပတ်သက်လို့ တင်ပြထားတယ်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွတ်တော်ကိုယ်စာလှယ် ဦးသဲရယ်က ပြောပါတယ်။

ဦးသဲရယ်က “ တကယ်လို့များဒီလူတွေမကဘူး ပေါ့နော် ထပ်ပြီးတော့မှ ပြည်ပကနေပြန်ဝင်လာတဲ့လူတွေ ဒီထက်မက များလာမယ်ဆိုရင်တော့ အများကြီးအခက်ခဲဖြစ်လာလိမ့်မယ်ပေါ့ ဆိုတော့ဒီအတွက်လဲ ကျတော်တို့သိရသလောက်ဆိုရင် ပြည်နယ်နှင့် တိုင်းအစိုးရတွေမှာ အရေးပေါ်ရန်ပုံငွေဆိုတာရှိတယ် ဒါတောင် အနည်းဆုံးသိန်းပေါင်း ၁သောင်းလောက်ရှိတယ်လို့ကျတော်တို့အဲ့လိုသိရတာပေါ့နော် ဆိုတော့ ဒီအရေးပေါ်ရန်ပုံငွေတွေမှာ ဘယ်နားမှာသုံးသလဲ နောက်ပြီးတော့မှ အခုဒီအတွက်ရော သုံးတာတွေရှိသလား၊ မရှိဘူးလားဆိုတာလဲ ကျတော်တို့သိချင်တာပေါ့နော် အဲ့ဒါအတွက်လဲ ကျတော်တို့စာတင်ထားတာရှိပါတယ်။ ဒါပေမဲ့ သူတို့ဘယ်လိုအသုံးပြုနေလဲ ဘယ်လိုလုပ်နေပြီလဲ ဆိုတာတော့ ကျတော်တို့မသိရသေးဘူးပေါ့။” ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာရှိတဲ့ မြို့နယ်ခန်းမ ကို၂၈ရက်နေ့မှာ စောင့်ကြည့်လူနာစတင်နေရာချထားခဲ့တာဖြစ်ပြီးတော့ ၂၉ရက်နေ့မှာ လောဘူးဒါး အ.လ.က (ခွဲ)မှာ ထပ်မံထားရှိခဲ့တာ ဖြစ်ပါတယ်။ ပြည်ပကဝင်လာတဲ့လူတွေတော်တော်များများ ကိုယ်တိုင်လာရောက်နေထိုင်တာရှိသလို အုပ်ချုပ်ရေးမှုးတွေက လာရောက် ပို့လို့ရောက်လာတဲ့လူ တွေက ၁.၄.၂၀၂၀ အထိ လောဘူးဒါး အ.လ.က(ခွဲ)မှာ အမျိုးသမီး ၃၃ယောက်၊ ဖရူဆိုမြို့နယ်ခန်းမမှာ ယောကျာ်းလေး ၂၅ယောက်တို့ရှိနေပါတယ်။

spot_img
spot_img

Recent posts