spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် ၊ မားခရော်ရှေ့ (တဖူဒီးကူ) စစ်ရှောင်စခန်းမှာ လသားအရွယ် ကလေးအပါအဝင် လူကြီးတွေပါ အရေပြားအနာဖြစ်ပွား

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ မားခရော်ရှေ့ (တဖူဒီးကူ) စစ်ဘေးရှောင်စခန်းမှာ လသားအရွယ်ကလေးအပါအဝင် လူကြီးတွေလည်း အရေပြားအနာဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

တောတောင်တွေကြား အနေကြာလာတာနဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှု ပိုမို လိုအပ်လာပြီး လက်ရှိမှာ အရေပြားအနာအပြင် ရာသီတုပ်ကွေးလည်း အဖြစ်များနေတယ်လို့ ဆိုပါတယ်။

“လသားအရွယ်ကလည်း ဖြစ်တယ် တော်တော်များနေတယ်။ နည်းနည်းအရွယ် ရောက်တဲ့သူကျ ယားနာအဖြစ်များနေတယ်။ တချို့ဆိုရင် ဆံပင်တွေကြားမှာ အလုံးလိုက် အနာဖြစ်နေတယ်။ အဲ့ဒါက လူကြီးပိုင်းပေါ့။ အရွယ်ရောက်တဲ့သူတွေက ကျောပြင်တခုလုံး ထွက်လာတာရှိတယ်။ ဒီမှာက ဆေးမရှိ ဘာလုပ်ပေးရမလဲလည်း မသိဘူးဆိုတော့ သူတို့ကို ပြောပြဖို့လည်း ခက်ခဲတာပေါ့။” လို့ စစ်ဘေးရှောင်စခန်းမှာ ကူညီပေးနေတဲ့ ကျန်းမာရေးလုပ်သားတစ်ဦးက ပြောပါတယ်။

ယခု မိုးရာသီကာလအတွင်း မားခရော်ရှေ့ စစ်ဘေးရှောင်စခန်းမှာ နှစ်ပတ်တစ်ကြိမ် ကျန်းမာရေးအဖွဲ့ လာရောက်ကုသမှုရှိပေမယ့် အရေပြားအနာအတွက် လုံလောက်တဲ့ ဆေးဝါး မရရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ကလေးငယ်တွေ အရေပြားအနာ ဖြစ်ပွားတာ လနဲ့ ချီ ကြာမြှင့်နေပေမယ့် ပျောက်ကင်းမှုမရှိသလို တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အားနည်းနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးငယ်တွေဟာ မကြာခဏ ဖျားနာမှုရှိနေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးက အခုလိုပြောပါတယ်။

“ ဒီမှာက ရာသီတုပ်ကွေးများတာပေါ့နော။ ပြီးတော့ ငှက်ဖျားတချို့လည်းရှိနေတယ် အဲ့ထဲမှာမှ ကျောင်းသားလေးတစ်ယောက်ပါနေတယ်။ အရင်နှစ်တွေက ခြင်ဆို မတွေ့ရဘူး ဒီနှစ် အတော်များလာတယ်။ ငှက်ဖျားလည်း ဖြစ်နေကြတော့ စိုးရိမ်ရတာပေါ့။” လို့ သူက ပြောပါတယ်။

မားခရော်ရှေ့ (တဖူဒီးကူ) စစ်ရှောင်စခန်းမှာ အိမ်ခြေ ၈၀ ကျော်ရှိပြီး လူဦးရေ ၃၀၀ကျော်ရှိတဲ့အနက် ငှက်ဖျားရောဂါဖြစ်ပွားသူ ၄ဦးရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts