spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် ၂ လအတွင်း သေဆုံးတဲ့ နွား ၁၅ ကောင်ရှိ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လစကပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီးနောက် မြေမြှုပ်မိုင်းထောင်ထားခဲ့ပြီး၊ အဲ့ဒီမိုင်းတွေကြောင့် နှစ်လ အတွင်း ဒေသခံတွေမွေးမြူထားတဲ့ နွားတွေထိခိုက်သေဆုံးတာ နဲ့ ပျောက်ဆုံးသွားတာတွေ များတယ်လို့ ဖရူဆိုဒေသခံတွေဆီကနေ သိရပါတယ်။

“နွားတွေ မြေမြုပ်မိုင်း ထိတာက ၁၅ ကောင်အထိ ရှိပြီ၊ ပြန်တွေ့တာ ပြန်ရတာမရှိဘူး။ ဒါမဲ့ တချို့နွားဆို ခြေပြတ်လို့ သွားသေတာလည်း ရှိတယ်။ တခြား ထိတာအများကြီး ဘယ်မှာသွားသေကုန်လဲတော့ မသိဘူး”လို့ ဒေသခံတဦးက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မွေးမြူထားတဲ့ နွားတွေကို သေချာမစောင့်ရှောက်နိုင်တော့ဘဲ လွှတ်ထားကြရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် နွား သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေရှိနေပေမဲ့ အရေအတွက်ကိုတော့ ခန့်မှန်းလို့မရဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။

ဖရူဆိုမြို့နယ်အတွင်း ထီးပေါ်ဆိုကျေးရွာအုပ်စုထဲက ဒေသခံတွေ လွှတ်ကျောင်းထားတဲ့ နွားတွေ အများဆုံးသေဆုံး၊ ပျောက်ဆုံးတာ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ကစပြီး လက်ရှိအချိန်ထိ ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေကြရပြီး ဖရူဆိုမှာ စစ်ဘေးရှောင် တသောင်းဝန်းကျင်အထိ ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts