spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

CJ / ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့၊ နေ့လည်ပိုင်း ၁ နာရီအချိန်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာက နေအိမ်ကို သန့်ရှင်းရေးပြန်လုပ်တဲ့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးဟာ မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားတစ်ဦးဟာ နေရပ်ပြန် သန့်ရှင်းရေး ပြုလုပ်ရင်း နေအိမ်ခြံဝန်းထဲ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းနင်းမိကာ ဘယ်ခြေတဖက်ပြတ်ထွက်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နေအိမ်ခြံ ပြန်ရှင်းတာ၊ ပထမတစ်ရက်တော့ ဘာမဖြစ်ဘူး။ နောက်တစ်ရက်ထပ်ပြန်တော့ သူမိုင်းနင်းမိသွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် (၄၀) ကျော်အရွယ် ဒေသခံ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲနေရာယူထားခဲ့တဲ့ ကျေးရွာ‌တွေမှာ မြေမြှုပ်မိုင်းထောင်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့ နေရပ်မပြန်ကြသေးဖို့နဲ့ နေရပ်ပြန်ဖို့ လိုအပ်ပါက သတိထားသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်း အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် အမျိုးသားတစ်ဦးဟာ နေအိမ်သန့်ရှင်းရေးပြန်လုပ်ရင်း မြေမြှုပ်မိုင်းနင်းမိတာကြောင့် ညာခြေတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။

ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းအရ ကရင်နီပြည်အတွင်းနဲ့ ရှမ်း – ကရင်နီနယ်စပ်မှာ ၂၀၂၄ ခုနှစ် နှစ်လ၀န်းကျင်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁ ဦး၊ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၄ ဦး ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၅ ဦးနဲ့ သတ်ဖြတ်ခံရတဲ့ အရပ်သား ၇ ဦး စုစုပေါင်း ၁၇ ဦးအထိ ရှိလာခဲ့ပါတယ်။

spot_img
spot_img