spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ ၁၀ နာရီကျော်ကြာ တောမီးလောင်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်နေ့) မနက် ၁၀ နာရီ အချိန်က ကရင်နီပြည် ဖရူဆိုမြို့နယ် ထီးကလူဒေါကျေးရွာအနီးမှာ ၁၀ နာရီကျော်ကြာ တောမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တောမီးလောင်မှုဖြစ်ပွားတဲ့ ထီးကလူဒေါကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး ဒီမီးလောင်မှုဟာ စစ်ကောင်စီတပ်တွေ ရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရွာမှာက စစ်တပ်ပဲ ရှိတာလေး၊ ဘယ်သူမှ မရှိတာ စစ်တပ်ကပဲ မီးရှိုးတာ ဖြစ်မှာပေါ့”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

တောမီးလောင်မှုကြာင့် ကျေးရွာအတွင်း ဒေသခံတွေရဲ့ စပါးကျီအချို့ မီးလောင်တဲ့အထဲ ပါဝင်သွားတာရှိနိုင်တယ်လို့ ဒေသခံပြောပြချက်အရ သိရပါတယ်။

“မီးလောင်တာက မနက်ပိုင်းကတည်းလောက်က လောင်တာ၊ အိမ်ပါ မပါတော့ မသိဘူး။ ရွာထဲလား ရွာပြင်လားဆိုတာ သေချာမသိဘူး။ ရွာထဲမှာလောက်ဖြစ်နေတာ” လို့ ဒေသခံတစ်ဦးက
ပြောပါတယ်။

ဖရူဆိုမြို့တွင်းနဲ့ မြို့ပတ်လမ်းအနီး အပါအဝင် အချို့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာ တစ်နှစ်နီးပါးရှိနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်တာ တစ်နှစ်ကျော်ရှိနေပါပြီ။

နေရပ်မပြန်နိုင်တာ တစ်နှစ်ကျော်ဖြစ်တဲ့ ထီးကလူဒေါကျေးရွာဟာ အိမ်ခြေ ၈၄ ရှိပြီး၊ လူဦးရေ ၃၀၀ ကျော်ရှိကာ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ကြပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် တောမီး၊ ရှို့မီးတွေကနေတဆင့် ကျန်ခဲ့တဲ့နေအိမ်တွေ ပိုမို မီးလောင်သွားမှာကို စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းမှာလည်း ဖရူဆိုမြို့ပေါ်အနီးမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။

ယမန်နေ့ တောမီးလောင်နေစဉ် မနက်ပိုင်းမှာ ဖရူဆိုမြို့အတွင်း သေနတ်ပစ်ခတ်သံကြားရပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ၅ လုံးထက်မနည်း မြို့အတွင်း ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်း ခမရ (၅၃၁)၊ ခမရ (၄၂၈)၊ အမှတ်(၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်း စတဲ့ တပ်စခန်းတွေရှိနေပြီး ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်နဲ့ တိုက်ပွဲမကြာခဏဖြစ်ပွားနေပါတယ်။

spot_img
spot_img
spot_img

Recent posts