spot_imgspot_imgspot_imgspot_img
Tuesday, February 4, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ဘက်ခြမ်းက ဒေသခံတွေ အားထားသွားလာနေတဲ့ လမ်းမကို ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက မြို့နယ်ချင်း ချိတ်ဆက်သွားလာတဲ့လမ်းမ ပျက်စီးနေတာကြောင့် ဒေသခံတွေ သွားလာဖို့ ခက်ခဲတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ စစ်ရှောင် ၊ ဒေသခံတွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထပြုပြင်ဆောင်ရွက်နေကြတယ်လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“မြို့နယ်အတွင်း အုပ်စုချိတ်ဆက်လမ်းလို့ပြောလို့ရတာပေါ့နော် အဲ့ဒီအတွက်ကြောင့်မလို့ ဒီမြို့နယ်ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်တဲ့ချိန်မှာ ဒီလမ်းကို အားကိုးအားထားပြီး သွားလာနေရတာပေါ့။ ဒီလမ်းသာမကောင်းရင် တော်ခူအုပ်စု နဲ့ ဒေလကြိုအုပ်စု ၊ နန်းဖဲအုပ်စု ချိတ်ဆက်ဆောင်ရွက်တဲ့ချိန်မှာဆိုရင် တစ်ခြားမြို့နယ်ကို ၂မြို့နယ်လောက်ဖြတ်ပြီးတော့ ပတ်ပြီးတော့သွားရတာပေါ့နော။ တော်ခူကနေ ဒီဒေလကြိုကို တက်လာမယ်ဆိုလည်း ဒီကေးလျားမြို့နယ်ကိုဖြတ်ပြီးတော့ ဒီ ဟိုယာမြို့နယ်ထဲဖြတ်မယ် ပြီး ဒီ ဒေလကြိုထိပြန်လာ အဲ့လိုသွားနေရတော့ အချိန်ပိုကြန့်ကြာတာပေါ့”လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ နောက်ဆုံးပတ်ကစပြီး ကျောက်ချောလမ်းကိုပြုပြင်နေတာဖြစ်ပါတယ်။ အဆိုပါ အုပ်စုချင်း ချိတ်ဆက်သွားလာတဲ့လမ်းဟာ ကျောက်ချောလမ်းဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ် မိုးရာသီမှာမိုးကြီးပြီး မြေပြိုမှု ဖြစ်ပွားခဲ့တာကြောင့် ကျန်ရစ်တဲ့ ကျောက်တုံး ၊ မြေစာပုံတွေကို ဖယ်ရှားရှင်းလင်းပြီး သွားလာဖို့ ခက်ခဲတဲ့နေရာတွေကို ဦးစားပေးပြီး လမ်းကိုပြုပြင်နေတယ်လို့ ဆိုပါတယ်။

လမ်းပြုပြင်ရာမှာ အလှူရှင် အဖွဲ့အစည်းတွေ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေရဲ့ အကူညီတွေနဲ့ ပြုပြင်တာရှိပြီး စစ်ရှောင်နဲ့ ဒေသခံတွေကလည်း တတ်စွမ်းသလောက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

လမ်းပြုပြင်ဆောင်ရွက်ဖို့ IEC အခွန်ဘဏ္ဌာ ဌာနရဲ့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေတွေကိုလည်း စက်ယန္တာယားငှားရမ်းတဲ့အချိန်မှာ အသုံးပြုထားတယ်လို့လည်း ဆိုပါတယ်။
တခြားပျက်စီးနေတဲ့ ကျောက်ချောလမ်းကိုတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်ဆောင်လျက်ရှိတယ်လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

“အခွန်စီမံဘဏ္ဌာကနေပြီးတော့ ဒီမြို့နယ်ကိုလစဉ်ပံ့ပိုးပေးတဲ့ဟာတွေရှိတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်မယ့်ဟာနဲ့ အဓိက ဒီအုပ်စုဆက်သွယ်ရေးလမ်းကို ဘက်ဖိုးနဲ့လုပ်တဲ့ချိန်မှာ လိုအပ်တဲ့ဆီတွေကို သူတို့ဝယ်ပြီးတော့ ဒီဘက်ဖိုးငှား အသုံးပြုစရိတ်တွေကို အဓိက ကာဗာထား သုံးသွားတာတွေရှိတယ်။ ဒီပျက်စီးနေတဲ့ကျောက်ချောလမ်းတွေခါကျ ဒီကိုယ်ထူကိုယ်ထနဲ့ပဲ တချို့ဒီပြည်ပရောက်နေတဲ့လူမျိုးစုတွေ လူငယ်တွေ အရပ်ဘက်အဖွဲ့စည်းတွေနား လက်လှမ်းမီသလောက်ပဲ ရှာချိတ်ပြီးတော့ ရလာတဲ့နည်းနည်းပါးပါးကို လိုအပ်တဲ့ ဘိလပ်မြေတွေဝယ်ပြီးတော့ သုံးတာပေါ့နော “လို့ သူက ဆက်ပြောပါတယ်။

ကျောက်ချောလမ်းကိုပြုပြင်ရာမှာ ဒေသခံနဲ့ စစ်ရှောင်တွေက လုပ်အားနဲ့ ပါဝင်နေကြပေမယ့် ကွန်ကရစ်ခင်းဖို့အတွက် သဲ၊ ကျောက် သယ်ယူဖို့ ကားဆီဖိုးနဲ့ ဘိလပ်မြေဝယ်ယူဖို့ ငွေကြေး လိုအပ်နေတာကြောင့် အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုလည်း လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ တော်ခူအုပ်စုနဲ့ ဒေလကြိုအုပ်စုကို ချိတ်ဆက်ထားတဲ့ လမ်းတွေအပြင် အခြားကျေးရွာတွေနဲ့ ချိတ်ဆက်ထားတဲ့ လမ်းကိုပါ ပြုပြင်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts