spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆို၊ ဆိုသယ်စစ်ရှောင်စခန်းမှာ စစ်ရှောင် ၂၀ ဝန်းကျင်ဟာ အရေပြားရောဂါဖြစ်ပွားနေ

Author

Date

Category

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဆိုသယ်စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ ၂၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကစပြီး အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

” ခုတလော စစ်ရှောင်တွေကြားမှာ ယားယံတဲ့ရောဂါတွေရှိတယ်။ ပြီးတော့ ယားလို့ဆေးလာတောင်းတဲ့လူရော ယားနာအတွက် ဆေးလာတောင်းတဲ့လူ အများကြီးပဲ။ ယားနာတဲ့လက္ခဏာကတော့ အရေပြားကွက်ဖြစ်တာ၊ ပေါင်ခြံ နဲ့ ချိုင်း တို့မှာယားနာဖြစ်တာ၊ ပြီးတော့ အဖုကြီးထွက်၊ အဖုသေး အရည်ကြည်အဖု ထွက်တာမျိုးတွေ ဖြစ်တယ်” လို့‌ စစ်ရှောင်စခန်းမှာနေတဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အရေပြားရောဂါ ကူးစက်ဖြစ်ပွားတာ နှစ်ပတ်ကြာမြှင့်နေပြီး သက်သာပျောက်ကင်းသူ ရှိသလို ထပ်မံကူးစက်ဖြစ်ပွားသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဆေးပေးခန်းမရှိတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ဖို့အတွက် ဆေးဝါးတွေလည်း မရှိဘူးလို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ တဦးက ပြောပြပါတယ်။

“အချို့က လိမ်းဆေးနဲ့ မသက်သာပဲ ယားယံအတွက် သောက်ဆေးနဲ့တောင်မှ မသက်သာနိုင်သေးဘူး။ ဆေးထပ်တိုးပေးပြီး ပိုးသတ်ဆေးနဲ့ တွဲတိုက်မှပဲ သက်သာလာကြတယ်။” လို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတဦးက ပြောပါတယ်။

ဆိုသယ် စစ်ရှောင်စခန်းမှာ အရေပြားရောဂါတွေအပြင် ရာသီအကူးအပြောင်းမှာ ဖြစ်ပွားတဲ့ တုပ်ကွေးရောဂါတွေလည်း အဖြစ်များတယ်လို့ သိရပါတယ်။

“ယားနာလို့ ညအိပ်မပျော်တော့ဘူး။ စိတ်တအားရှုပ်တယ်။ အိပ်မပျော်လို့ စိတ်တအားပူတယ်။” လို့ စစ်ရှောင်တဦးက ပြောပါတယ်။

အရေပြားယားနာဖြစ်ပွားမှုမှာ တောတောင်နဲ့နီးစပ်တဲ့နေရာတွေမှာ နေထိုင်ရတာကြောင့် နေရာထိုင်ခင်း အဆင်မပြေမှု၊ မိုးရေကိုစုဆောင်းပြီးသုံးနေရတဲ့အပြင် မသန့်စင်တဲ့ ရေကိုလည်း သုံးစွဲနေရတာကြောင့် အရေပြားယားယံမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လက်ရှိ အရေပြားယားယံဖြစ်ပွားသူတွေဟာ ကလေးတွေသာမက အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတွေလည်း ဖြစ်ပွားလျှက်ရှိနေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။ အဆိုပါ ဆိုသယ်စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၉၀၀ ကျော်ရှိပါတယ်။

spot_img
spot_img

Recent posts