spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆို၊ ထီးကလူဒေါကျေးရွာမှာ တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်ထားခဲ့

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထီးကလူဒေါကျေးရွာမှာ ၁ နှစ်ကျော်ကြာအထိ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ တပ်ဆုတ်သွားပြီဖြစ်ပေမဲ့ နေအိမ်ခြံဝန်း၊ ကျေးရွာလမ်းချင်းဆက်တွေနဲ့ ကာဘာကျင်းတွေမှာ မြေမြှုပ်မိုင်း အများအပြားထောင်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ မြေမြုပ်မိုင်းတွေရှိနေတာကြောင့် မိမိတို့ရဲ့ နေအိမ်ပြန်လာကြည့်ချင်တဲ့ ရွာခံတွေအတွက် အခက်အခဲ ရှိနေကြတယ်လို့ ဆိုပါတယ်။ ဒေသခံတွေအနေနဲ့ မိမိတို့ နေအိမ်ကို ပြန်လာကြည့်သူလဲရှိတာကြောင့် သတိထားသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပြောဆိုထားပါတယ်။

“လက်နက်ကြီး ကျရောက်မကွဲတာတွေ၊ မိုင်းတွေ ဘာဖြစ်ဖြစ် အမှတ်သား လုပ်ထားပေးဖို့နဲ့ ကျေးရွာသူ/သား၊ စစ်ဘေးရှောင်တွေ အားလုံး အသွားအလာမှာ မိုင်းအန္တရာယ်တွေကို သတိထားဖို့လိုတယ်။” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထီးကလူဒေါကျေးရွာအတွင်း ကာလကြာရှည်တပ်စွဲထားခဲ့ပြီး လူနေအိမ်၊ အဆောက်အအုံတချို့နဲ့ ပစ္စည်း တွေကို ဖျက်ဆီးခဲ့တာရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေဟာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတာ ၂နှစ်ရှိနေပြီဖြစ်ပြီး လက်ရှိမှာ နေရပ်ပြန်နေထိုင်ဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ အဲ့ဒီကျေးရွာမှာ နေအိမ် ၈၄အိမ်ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts