spot_imgspot_imgspot_imgspot_img
Tuesday, March 4, 2025
spot_imgspot_imgspot_imgspot_img

ဖေဖော်ဝါရီ တစ်လတာအတွင်း KNDF တပ်ဖွဲ့ဖက်မှ ၅ဦးကျဆုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁) လတာအတွင်း ကရင်နီပြည်၊ ဖားဆောင်း၊ ဘောလခဲနဲ့ လွိုင်ကော်မြို့နယ်တွေအပြင် မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်များနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ခကြာခဏ ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကြပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း KNDF တပ်ဖွဲ့ဖက်မှ ၅ဦးကျဆုံးခဲ့တယ်လို့ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က အသိပေးထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဖေဖော်ဝါရီ တစ်လတာလုံး စစ်ကောင်စီ စစ်ကြောင်းထိုးလာကာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လက်ရှိအချိန်ထိ မိုးဗြဲတိုက်ပွဲ ပြင်းထန်နေတုန်းဖြစ်ပါတယ်။ စစ်ကောင်စီက မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် စစ်ကြောင်းထိုးနေတာ စစ်ဆင်ရေးလုပ်နေတာဖြစ်ပါတယ်။” လို့ တာအယ်စိုးက ဆိုပါတယ်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲဒေသဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ကိုလည်း တာအယ်စိုးက အခုလိုတိုက်တွန်းထားပါတယ်။

“တိုက်ပွဲတွေက ဆက်ပြီး ပြင်းထန်လာတဲ့ အနေအထားမှာရှိတဲ့အတွက် ဒေသခံတွေ နယ်မြေခံ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ညွန်ကြားချက်တွေ ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပြီးတော့မှ လုံခြုံရေး အသိတွေရှိကြဖို့ တချို့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေ စစ်ကောင်စီက အမြဲ တိုက်ခိုက်နေတာဖြစ်တဲ့အတွက် လုံခြုံတဲ့နေရာတွေမှာ လုံခြုံတဲ့ စီမံကိန်းတွေချမှတ်ထားဖို့ တိုက်တွန်းလိုပါတယ်။” လို့ တာအယ်စိုးက ဆိုပါတယ်။

ဓါတ်ပုံ – KNDF

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီဖက် လေကြောင်း နဲ့ ဒရုန်းတွေအပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတာရှိပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ပြည်သူနေအိမ် (၅၀)လုံးထက်မနည်း၊ စာသင်ကျောင်း (၄)ကျောင်း နဲ့ ဘာသာရေးအဆောက်အဦး (၄)ခု တို့မီးလောင်ပျက်စီးခဲ့တယ်လို့ KNDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ (၁) လတာအတွင်းမှာတော့ စစ်ကောင်စီဘက်က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဆီကို ဘက်ပြောင်းခိုလှုံလာသူနဲ့ ဦးတည်ရာမဲ့ ထွက်ပြေးလာသူ စုစုပေါင်း ၁၅ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

spot_img
spot_img
spot_img

Recent posts