- ချိကွဲ့ကျေးရွာအတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံး ၁ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
- ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးပြီး ၃ ပုံ ၁ ပုံမှာ ကလေးသူငယ်များဖြစ်ကြပါတယ်။
- ၁ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကျော်သေဆုံးပြီး ဒုအရာခံဗိုလ်တစ်ဦးအပါဝင် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၀ ယောက် KNDFထံသို့ ဘက်ပြောင်းခိုလှုံလာခဲ့ပါတယ်။
- ရှမ်းတောင်အခြေစိုက် တပ်ရင်း (၂)ရင်း MOD လက်အောက်က နှုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ဘေးကင်းလုံခြုံပြီး စိတ်နှလုံး အေးချမ်းကြပါစေရှင်….။ ကျမ မော်လေးမြာပါ…..