spot_imgspot_imgspot_imgspot_img
Friday, July 5, 2024
spot_imgspot_imgspot_imgspot_img

ဗုံးကြဲခံရတဲ့ စစ်ဘေးရှောင်စခန်းမှ ဆယ်သဲကောလိပ်ရှိ အဆောက်အဦးအပါအဝင် ကျောင်းသုံးပစ္စည်းများ အားလုံးဆုံးရှုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီနယ်စပ်တစ်နေရာက စစ်ဘေးရှောင်စခန်းဖြစ်တဲ့ ဒေါနိုးကူးကို တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်ကောင်စီက လေယဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ဆယ်ကျော်သက်လူငယ်တွေ ပညာသင်ကြားနေကြတဲ့ ဆယ်သဲကောလိပ်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။

အဆောက်အဦးတွေအပါအဝင် ဂိုဒေါင်၊ ကျောင်းသုံးပစ္စည်းများအားလုံး၊ စားနပ်ရိက္ခာများ အားလုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ ကျောင်းတာဝန်ခံဖြစ်တဲ့ ဆရာမကြီး မော်မိမာက ပြောပါတယ်။

“ပျက်စီးတာ မီးဖိုဆောင် တစ်လုံး ပြီးတော့ ဘော်ဒါဆောင်သေး နှစ်လုံး။ နောက်ပြီးတော့ ကျောင်းခန်း နှစ်လုံး ဆရာ၊ မ အဆောင်တစ်လုံး၊ ဂိုဒေါင် တစ်လုံး၊ ရေထားတဲ့နေရာနဲ့ မီးစက်ရုံး အားလုံးပျက်စီးသွားတယ်။ ရေပုံးကြီး ရေတိုင်ကီတွေလည်း ပေါက်ကွဲ ပျက်စီးကုန်တယ်။ စာရေးကိရိယာ ဘောပင်၊ ခဲတံ ၊ စာရေးခုံ၊ ထိုင်ခုံ အားလုံး ကျိုးကုန်တယ်ပေါ့နော်။ သံတိုင်းတို့တွေလဲ ဖရုံဖရဲ ပျက်စီးကုန်တယ် အဓိကကတော့ ဒီဟာတွေပေါ့။ ပြီးတော့ အစားအသောက်တွေ ဘော်ဒါဆောင်နဲ့ကျောင်းက အတူထားတယ်ဆိုတော့ အစားအသောက်တွေ ပျက်စီးကုန်တယ်ပေါ့နော်။ ပစ္စည်းတွေ ကြီးတဲ့ဟာတွေက ယူပြေးလို့ မရဘူး။ အကုန်ပျက်စီးသွားတာပေါ့ “ လို့ ဆရာမကြီး မော်မိမာက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ဆယ်သဲကောလိပ်

ဗုံးကြဲတိုက်ခိုက်ခံရစဉ်မှာ ထိတ်လန့်မှုကြောင့် ကျောင်းသူနှစ်ဦးနဲ့ ကျောင်းသားတစ်ဦး သတိလစ်သွာခဲ့တယ်လို့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ကျောင်းအုပ်ဆရာမ မော်နိုမြာက ပြောပါတယ်။

“လေယဉ်နဲ့ ဗုံးကြဲချိန်မှာ ကျောင်းသူ ကျောင်းသားတွေ သတိလစ်တာ ရှိတယ်။ မိန်းကလေး ၃ ယောက်၊ ကျား ၁ ယောက်ပါတယ်။” လို့ ကျောင်းအုပ်ဆရာမ မော်နိုမြာက ပြောပါတယ်။

ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်အဖြစ် ၂၀၁၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကရင်နီပြည်တွင်းမှာ ဆယ်ကျော်သက် လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ထိုင်း – ကရင်နီနယ်စပ်ကို ရွေ့ပြောင်းဖွင့်လှစ်ခဲ့ပြီး ဆယ်သဲကောလိပ်အဖြစ် ဆက်လက်ဖွင့်လှစ်ကာ စစ်ဘေးရှောင်ဆယ်ကျော်သက်လူငယ် ရာနဲ့ချီ ပညာသင်ကြားနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ မနက် တစ်နာရီအချိန်မှာ ထိုင်း – ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိကာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိတ်လန့်အမျိုးသမီးတစ်ဦးဟာလည်း ဇူလိုင်လ ၁၃ ရက်နေ့မှာ သေဆုံးခဲ့ရပါတယ်။

spot_img
spot_img

Recent posts