spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

ဘိလိယက်ခုံ ဖွင့်ထားတဲ့ဆိုင်တွေကို လူစုလူဝေးမဖြစ်ဖို့ မေတ္တာရပ်ခံထား

Author

Date

Category

အန်ထောနီ

လူစု လူဝေးဖြစ်ပေါ်စေနိုင်တဲ့ ဘိလိယက်ခုံဖွင့်ထားတဲ့ဆိုင်တွေကိုလည်း ကိုရိုနာဗိုင်းရပ်(စ်)ကူး စက်ပျံ့နှံမှု ထိန်းချုပ်ကာကွယ်ပေးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံထားတာတွေ ရှိတယ်လို့ သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးတွေထံကနေ ကြားသိရပါတယ်။

ငွေတောင်ကျေးရွာအုပ်စုအတွင်းမှာလည်း ကျန်းမာရေးဦးစီးဌာနကနေ ညွန်ကြားထားတဲ့ အတိုင်းအသိပညာပေးစာစောင်တွေလိုက်ဝေပေးတာတွေ၊ အစိုးရက ညွန်ကြားချက်အရ လူစုလူဝေးမလုပ်ခိုင်းတာတွေကို လိုက်ပြီးတော့ မေတ္တာရပ်ခံထားတယ်လို့ ငွေတောင်အုပ်စုအုပ်ချုပ်ရေးမှူး စိုင်းမြင့်သိန်းချိုက ပြောပါတယ်။

စိုင်းမြင့်သိန်းချိုက “တစ်ခုတစ်ခုဖြစ်ပြီဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှုုးတွေနဲ့ အးမြဲတမ်း အချိတအဆက်ရှိတယ်။ ကျနော်ကတော့ သူတို့ကိုတော့ လောလောဆယ် နားဝင်အောင်တော့ ပြောထားရတာပေါ့ လူတွေလဲ တော်တော်လေးပါးသွားပါပြီ။ တစ်ခါတစ်လေကျနော်လာရင်လည် လာကစားတဲ့ ရွာထဲကလေးတွေလည် သူတို့ပြန်ကြပါတယ်။ အေစောစောပိတ်တော့ ကျနော်ကတော့ တာမျိုးပဲပြောတာပဲ။”လို့ ပြောပါတယ်။

သက်ဆိုင်ရာ ရာအိမ်မှူးတွေကိုလည်း လူစုလူဝေးမဖြစ်စေဖို့ ရပ်ကွက်အလိုက် ပူးပေါင်းပြီးစောင့်ကြည့်နေတာဖြစ်ပြီး ပြည်သူတွေတိုင်ကြားလာတာရှိရင်တော့ ချက်ချင်ဆောင်ရွက်ရတာမျိုးတွေ လုပ်မယ်လို့ဆိုပါတယ်။

ပြည်သူတွေကစိုးရိမ်မကင်းဖြစ်နေကြတဲ့အချိန်မှာ တချို့ ဘိလိယက်ခုံတွေမှာ လူငါးဦးအထက်ရှိနေကြတယ်လို့ သိရပါတယ်။

“သူတို့ ဘိလိယက်ခုံ စည်းကမ်းမှာကတည်းက ပါပြီးသားပဲလေ အမှန်တစ်ကယ် အဲ့လောက်ထိတော့ သူတို့မလုပ်ရဘူလေ ဒါပေမဲ့ သိတဲ့အတိုင်းပါပဲ ဒီကလူတွေကလည် သဘောက အကောက်လည် ဘယ်လောက်မှရတာလည်မဟုတ်ဘူ အဲ့လိုမျိုးလေးတွေတော့ရှိတယ်။” လို့ ဒီးမော့ဆိုမြို့မ(က) အုပ်စုအုပ်ချုပ်ရေးမှူး ဦးတော်မီဟန်က ပြောပါတယ်။

ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှ ဆိုင်ရှင် ဦးစိုးဝင်းက “ဈေးရောင်းတယ် ဘိလိယက်ခုံထောင်ထားတယ်။ အခုကပိတ်ထားတယ် ဘယ်သူမှ ပေးမဆော့ဘူ။ ရဲတွေ၊ စည်ပင်တွေက ပေးမဆော့လို့ပိတ်ထားတယ်။ ဖွင့်တုန်းကဆိုင် ညည ကလေးတွေတော့လာဆော့တယ် ကျောင်းဆင်းတဲ့ချိန်ဆိုကလေးတွေ လာဆော့တယ် အခုတော့သိပ်မလာတော့ဘူး။” လို့ ပြောပါတယ်။

ပြည်နယ်အစိုးရကနေ ကိုရိုနာဗိုင်းရပ်(စ)ရေားဂါကူးစက်ပျံ့နှံမှု ထိန်းချုပ်ဖို့အတွက် လူငါးဦးထက်လူစုလူဝေးမလုပ်ဖို့နဲ့ ည အပြင်မထွက်ရစတဲ့ အမိန့်တွေထုတ်ပြန်ထားပြီး စည်းကမ်းလိုက်နာဖို့ သက်ဆိုင်ရာတွေကနေ အသိပညာပေးထားပြီးဖြစ်ပါတယ်။

သို့ပေမယ့် အောက်ခြေမှာတော့ တရားဝင်လိုင်စင်နဲ့ဖွင့်ထားတဲ့ဘိလိယက်ခုံဆိုင်တို့၊ တခြားလောင်းကစားဝိုင်းတို့ ရှိနေသေးတယ်လို့ အမည်မဖော်လိုသူ ဒေသခံတွေက ကန္တာရဝတီတိုင်း(မ်) မီဒီယာကနေတဆင့် အသိပေးလာတာတွေရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts