spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကား၂စီး နဲ့ လက်နက်တချို့ ရရှိ

ကန္တာရဝတီတိုင်း(မ်)

ဘောလခဲကနေ ရိက္ခာပို့ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီး ဖရူဆိုမြို့နယ် ထားလဲ ကျေးရွာမှာ တစ်ကြိမ်၊ ထားလဲ-လောကျေခူကျေးရွာ ကြားတစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လ ၁ရက်နေ့ နဲ့ ၂ရက် နေ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့ တိုက်ပွဲမှာတော့ စစ်ကောင်စီကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ညနေ ၃ နာရီ ၁၅ လောက်မှာ လေယာဉ်နဲ့ ၆ ကြိမ်လာကျဲသွားတယ်။ သူတို့ဖက်တော့ ကျရှုံးတာတွေ ရှိတယ်။ ဒဏ်ရာရတာတွေ ရှိတယ်။ ကျနော်တို့ဖက်က မစိုးရိမ်ရတဲ့ ဒဏ်ရာ တစ်ဦးရတယ်။ လက်နက်ကတော့ ကျည်ဆံတွေ ကျည်ဆံအချို့နဲ့ လက်နက်ငယ်တချို့ ကျနော်တို့သိမ်းဆည်းရမိတယ်ပေါ့။ “ လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ရဲ့ စစ်ကားနှစ်စီးကို ရရှိခဲ့ပြီး တစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲ အတွင်းတွေမှာစစ်ကောင်စီဖက် ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။


တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ စစ်ကား ၂စီး နဲ့ ဒရုန်းပစ်လက်နက် တွေ၊ လက်နက်ကြီးကျည်တွေ၊ သေနတ် ၊ ကျည်ဘောက် စတဲ့ စစ်အသုံးအဆောင် တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ခေတ်သစ်မီဒီယာ နဲ့ တာချီလိတ်သတင်းဌာန တို့မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲသတင်းနဲ့ ပါတ်သက်ပြီး အသေးစိတ်ကို KNDFအနေနဲ့ သီးသန့် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

spot_img
spot_img