spot_imgspot_imgspot_imgspot_img
Monday, March 10, 2025
spot_imgspot_imgspot_imgspot_img

ဘောလခဲ PDF ဖွဲ့စည်းပြီး ၃နှစ်အတွင်း တပ်ဖွဲ့ဝင် (၉)ဦး ကျဆုံး၊ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) အမှတ် (၁၁၀၅) တပ်ရင်းရဲ့ တော်လှန်ရေးကာလ ၃ နှစ်တာအတွင်း တပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဘောလခဲ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မတ်လ ၆ ရက်နေ့ဟာ BPDF ရဲ့ သုံးနှစ်ပြည့်နှစ် ဖြစ်ပြီး အခမ်းအနားကို ကရင်နီပြည်တွင်းတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ပြည်သူကို ပြောချင်တာကတော့ ကျနော်တို့က ပြည်သူတွေနဲ့ တစ်သားတည်းပဲပေါ့။ လက်ရှိအချိန်ထိလဲ ပြည်သူတွေရဲ့အားပေးထောက်ခံမှုကြောင့် ကျနော်တို့ဒီချိန်ထိ ရပ်တည်နိုင်တာပါ။အဲ့ကြောင့် ကျနော်တို့လည်း ပြည်သူလိုချင်တဲ့လမ်းကြောင်းပေါ် ပြည်သူလိုချင်တဲ့ စနစ်တခုအမြန် ရောက်အောင် ကျနော်တို့ ဆက်ကြိုးစားသွားပါမယ်။”လို့ ဘောလခဲ PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အခမ်းအနားမှာတော့ ပေးပို့လာတဲ့ သ၀ဏ်လွှာများ ဖတ်ကြားခြင်း၊ ကျဆုံးသွားသော တပ်ဖွဲ့ဝင် ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

တပ်ရင်းအမှတ် ( ၁၁၀၅ ) ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ကဖြစ်ပြီး ဒေသတွင်းတိုက်ပွဲတွေမှာ တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts