spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

မတ်လ နောက်ဆုံးပတ်အတွင်း တိုက်ပွဲ ၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၃ ဦးသေဆုံး၊ KNDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မတ်လ နောက်ဆုံးပတ်အတွင်း ကရင်နီပြည်နယ်ရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ မိုးဗြဲမြို့ နယ်အတွင်းမှာ တိုက်ပွဲ ၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၃ ဦး သေဆုံးပြီး အများအပြားထိခိုက်ခဲ့သလို ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ KNDF တပ်သားတစ်ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာ ဒီးမော့ဆိုမြို့ နယ်ရှိ ထူလွှီးဘီလာကျေးရွာအတွင်း ခြေကုပ်ယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း နေအိမ် ၆ လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖရူဆိုမြို့နယ်နဲ့ငွေတောင်ရွာသစ်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNDF မှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့မှာတော့ လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာအနီးရှိ တောင်ကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဆုတ်ခွာခဲ့တဲ့အတွက် စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့ ညနေပိုင်းမှာပဲ ဒီးမော့ဆိုမြို့ နယ်ရှိ ဒေါပိုးစီ၊ ၅မိုင်၊ ၆ မိုင် ကနေ ဘက်တလိန်ကျေးရွာအထိ စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅ မိုင် ကျေးရွာအတွင်းရှိ နေအိမ် ၅လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အလားတူ မတ်လ ၂၆၊ ၂၇ ရက်နေ့မှာ ဖရူဆိုမြို့အခြေစိုက် ခမရ-၄၂၈ တပ်ရင်းအား နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကြာ မြှင့်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မတ်လ ၂၆ရက်နေ့ ည ၂နာရီအချိန်မှာ မိုဗြဲမြို့အခြေစိုက် ခမရ-၄၂၂ သရက်ခြံတပ်ရင်းကို KNDF မှ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပါတယ်။

မတ်လ ၂၇ရက်နေ့ နံနက်စောပိုင်းမှာတော့ ဒီးမော့ဆိုမြို့ နယ်ရှိ ကုန်းသာကျေးရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်ခဲ့ရာမှ ၆ ဦး သေဆုံးခဲ့သလို ဖရူဆိုမြို့ အမှတ် (၁၄) လေ့ကျင့်ရေးကျောင်းကို ကရင်နီတပ်မတော်(KA) နဲ့ KNDF တို့ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၂၈ရက်နေ့မှာတော့ ဒီးမော့ဆိုမြို့ နယ်ရှိ ဒေါငံခါးရပ်ကွက်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦး နဲ့ တပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃၀ရက်နေ့မှာ ဖရူဆိုမြို့ ခမရ-၄၂၈ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ အရာရှိတစ်ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်အတွင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို တပ်အင်အား ထပ်မံဖြည့်တင်းလျက်ရှိနေတယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး အရပ်သားထိခိုက် သေဆုံးသူတွေ ရှိသလို ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts