spot_imgspot_imgspot_imgspot_img
Thursday, September 19, 2024
spot_imgspot_imgspot_imgspot_img

နေရပ်မပြန်နိုင်သေးတဲ့ ဖားဆောင်းစစ်ဘေးရှောင်တွေ နေ့စားအလုပ်လုပ်ပြီး ဝမ်းရေးဖြေရှင်းရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ဖားဆောင်းမြို့တိုက်ပွဲကြောင့် မယ်စဲ့မြို့နယ်အတွင်းကို တိမ်းရှောင်နေကြတဲ့ ဖားဆောင်းစစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်သေးတာကြောင့် ကျေးရွာခံတွေရဲ့အလုပ်တွေမှာ နေ့စားလိုက်ပြီး ဝမ်းရေးဖြေရှင်းနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက မြို့တွင်းဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကွက်သစ် ၊ နမ့်ဟူးကုန်း နဲ့ မြို့တွင်းက ပြည်သူအများစုဟာ မယ်စဲ့မြို့နယ်ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေအတွက် အဖွဲ့အစည်းတစ်ခုကနေ ဆန်၊ ဆား နဲ့ ကုလားပဲ ကို လစဉ် ထောက်ပံ့ပေးတာရှိပေမဲ့ တခြားလိုအပ်တာတွေကိုတော့ ကျေးရွာခံတွေရဲ့ နေ့စားအလုပ်လုပ်ရင်း ဖြေရှင်းနေရတာပါ။

“တခြားအလုပ်ဘာအလုပ်မှ မရှိဘူး။အခု ကျနော်တို့ ဒီမှာနေတယ် ဒေသခံတွေ စိုက်တဲ့ နှမ်းခုတ်တဲ့ချိန် စိုက်ရတယ်။ နှမ်းပေါင်းလိုက်ချိန် နှမ်းခါတဲ့ချိန် အဲ့ဒါလေးတော့ ခေါ်တယ်။” လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်တဲ့အစောပိုင်းကာလမှာ စားဝတ်နေရေးအတွက် လာရောက်လှူဒါန်းပေးတဲ့ အဖွဲ့အစည်းတွေရှိပေမယ့် ယခုလက်ရှိ စစ်ရှောင်ကာလ (၇)လကြာမြင့်လာချိန်မှာတော့ လှူဒါန်းပေးတဲ့ အကူအညီတွေ လျော့နည်းလာတယ်လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

“အဲ့ဒါကတော့ ကျနော်တို့ တော်တော်တော့ ပြတ်လပ်သွားမယ် (စားနပ်ရိက္ခာများ)။ အလုပ်အကိုင်အခွင့်အလမ်းကလည်း ဘယ်သူမှထွက်ပြီး လုပ်ကိုင်တာမရှိတဲ့အခါ‌ကျတော့ အကုန်လုံး ဒီဆန်တွေမှ မရတော့ဘူးဆိုရင်တော်တော်လေး ပြဿနာကြီးကြီးမားမားဖြစ်သွားနိုင်ပြီး စားဖို့သောက်ဖို့အဆင်မပြေတာ အထိ ဖြစ်သွားနိုင်တယ်ပေါ့။” လို့ စစ်ရှောင် ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ကျေးရွာခံတွေရဲ့ နေ့စားအလုပ် လုပ်ကိုင်ဖို့ကို စစ်ရှောင်အုပ်စု ငါးအုပ်စုခွဲထားပြီး အလှည့်ကျ သွားခိုင်းရတယ်လို့လည်း သိရပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ (၈၀၀)ကျော် ရှိပြီး နေရပ်မပြန်နိုင်သေးတာကြောင့် ရေရှည်စားဝတ်နေရေးအတွက် စိတ်ပူပန်နေရတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts