spot_imgspot_imgspot_imgspot_img
Wednesday, April 30, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့အတွင်းကို ပြည်သူတွေ ဖြတ်သန်းသွားလာမှုမလုပ်ဖို့ မိုးဗြဲ PDF ထပ်မံ သတိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ မိုးဗြဲမြို့အတွင်း ဖြတ်သန်းသွားလာမှု မလုပ်ဖို့ ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့မှာ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (မိုးဗြဲ PDF) က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေး ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့ နေ့စဥ်နဲ့အမျှ တိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားပါတယ်။

“စစ်ကောင်စီမှ မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်‌ကြောင်းထိုးတာ၊ လက်နတ်ကြီး၊ လေယာဉ်၊ ဒရုန်းတွေကို သုံးပြီး နေ့စဉ်နဲ့အမျှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတာကြောင့် မိဘပြည်သူတွေ မိုးဗြဲမြို့အတွင်းသို့ ဖြတ်သန်းသွားလာခြင်း မလုပ်ကြဖို့ အသိပေးအပ်ပါတယ်။”လို့ အသိပေးဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီ စစ်အင်အား ၁၀၀ ဝန်းကျင် စစ်ကြောင်းထိုးလာသလို ဧပြီလ ၂၈ ရက်နေ့မှာလည်း အင်အား ၃၀၀ ဝန်းကျင်နဲ့ ထပ်မံစစ်ကြောင်းထိုးလာတာရှိပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာတပ်ဖွဲ့ဆီကနေ သိရပါတယ်။

စစ်ကောင်စီ ရဲ့ စစ်ကြောင်းထိုးလာမှုတွေကြောင့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာရှိခဲ့ပြီး စစ်ကောင်စီဖက်က လေကြောင်း၊ လက်နက်ကြီး၊ာဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ လုပ်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ပြည်သူ့နေအိမ် ထိခိုက်မှုတွေအပြင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တာကြောင့် ပြည်သူတွေမသွားလာဖို့ နဲ့ သတိထားနေထိုင်ကြဖို့ကိုလည်း မိုးဗြဲ PDF တပ်ဖွဲ့အပြင် မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေကနေ အသိပေးထားတာရှိပါတယ်။

မိုးဗြဲမြို့မှာ နေထိုင်တဲ့ ပြည်သူတွေ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ပြီးခဲ့တဲ့ ၂၅ ရက်နေ့က တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၂၇ ရက်နေ့မှာ တစ်ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။

spot_img
spot_img
spot_img

Recent posts