spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့အတွင်း လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်နေ၊ ကရုပြုသွားလာကြဖို့  မိုးဗြဲ PDF  ပြန်လည်အသိပေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နဲ့ ရှမ်းနယ်စပ်က မိုးဗြဲမြို့အနီးတစ်ဝိုက်ကို  စစ်‌ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ကရုပြု သွားလာကြဖို့  မိုးဗြဲ PDFက ယမန်နေ့  စက်တင်ဘာလ ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ မိုးဗြဲမြို့မှာတော့ စစ်ကောင်စီကတော့ သူတို့နေရာ တော်တော်များများကို နေရာယူထားတာပေါ့နော်။ တပ် တော်တော်လေးကို ဖြန့်ထားတာပေါ့နော်။ ဆိုတော့ မနေ့ည ရှေ့တစ်ရက်ပေ့ါနော် ၂၆ရက်နေ့မှာတော့ ကျနော်တို့ ထိတွေ့မှုရှိတယ်။ တိုက်ပွဲတချို့လေးတွေရှိတာပေါ့နော်။ ဖြစ်တာပေါ့နော်။ ဒီမိုးဗြဲမြို့အနားလေးမှာ‌ပေ့ါ။ နောက်မနေ့ညကတော့ တိုက်ပွဲတော့မဖြစ်ဘူး ထိတွေ့မှုတော့ မရှိဘူး ။ဒါပေမဲ့ သူတို့စစ်ကောင်စီဖက်ကနေပြီးတော့မှ ဒီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာတော့ရှိတယ်။ တစ်နေကုန်နီးပါးပေ့ါနော်။ ပစ်ခတ်တယ်။” လို့ မိုးဗြဲ PDF တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ကန္တရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှု ရှိခဲ့ပြီးနောက် ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိခိုက်မှုမရှိပေမဲ့ နေရာတချို့ ပျက်စီးတာရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုထားတဲ့ မိုးဗြဲနဲ့ နန်းမယ်ခုံ ကတ္တရာလမ်းမကြီးကိုလည်း ဖြတ်သန်းသွားလာခြင်းမပြုလုပ်ဖို့ကိုလည်း မိုးဗြဲ PDF က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မကြာခဏစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

spot_img
spot_img