spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမှာ စစ်ကောင်စီက လက်နက်ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူတစ်ဦးသေဆုံး၊ ဒဏ်ရာရရှိသူများပြား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (အောက်တိုဘာ ၂၄ရက်) မှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် စည်ကား(၁)ရပ်ကွက် အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ မိုးဗြဲ ကယ်ဆယ်ရေးနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ ဝင်တစ်ဦးထံကနေ သိရပါတယ်။

ဒဏ်ရာရရှိသူ ငါးဦးထဲမှာ စည်ကား(၃)ရပ်ကွက် လေးနှစ်အရွယ် နဲ့ တစ်နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်ပြီး ကလေးနှစ်ဦးက လွဲပြီး ကျန်သုံးဦးမှာ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသလို ပြည်သူအိုးအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်လို့ ဆိုပါတယ်။

“ လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ပြည်သူတွေရဲ့ အိုးအိမ်တွေ ပျက်စီးတယ်။ ပြည်သူတွေ အသက်ဆုံးရှုံးတယ်။ ပြည်သူတွေ ထိခိုက်တယ်ဗျ။ “ လို့ မိုးဗြဲ ကယ်ဆယ်ရေးနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့လည်း ဝေးဝေးတစ်ခါ ပစ်နေတုန်းပဲလို့ သူက နေ့လည် ၁၁နာရီခွဲမှာ အတည်ပြု ပြောပါတယ်။

“ အခုလက်ရှိကတော့ လက်နက်ကြီးနဲ့ ပစ်နေတုန်းပဲဗျ။ ဝေးဝေး တစ်ချက် ပြည်သူလူထုတော့ ထိခိုက်မှုရှိတယ်ဗျ။ “ လို့ ဆက်ပြောပါတယ်။

မနက် ၇နာရီ ဝန်းကျင်မှာ စစ်ကောင်စီက မိုးဗြဲမြို့ထဲ ကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts