spot_imgspot_imgspot_imgspot_img
Tuesday, March 4, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ဒီကနေ့ မတ်လ ၁ ရက်နေ့၊ ညနေ ၃နာရီကျော်အချိန်မှာ ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ ၊ ကျေးရွာတစ်ရွာရဲ့အနီးအနားက တောင်ယာထဲကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ခဲ့ပြီး မိန်းကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်းက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီး သုံးဦး၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ အဲ့ဒီထဲက ၅၃ နှစ်အရွယ် ဒဏ်ရာရ အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတယ်လို့ မိုးဗြဲ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“စစ်ရှောင်ပြည်သူတွေပါ။ တောင်ယာ နေ့စားလိုက်ရင်းထိတာပါရှင်”လို့ သူကပြောပါတယ်။

အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ဖေဖော်ဝါရီလအထိ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၇၄၃ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လည်း ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေအနက် အသက် ၁၀ နှစ်အောက် ကလေးငယ် ၃၀၀ နီးပါး ပါဝင်နေတယ်လို့လည်း ပြောထားပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း တပ်ဆုတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မိုးဗြဲမြို့ကနေ ကရင်နီပြည်ထဲကို စစ်ကောင်စီတပ်တွေ ထိုးဖောက်ဝင်မရောက်နိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တားဆီးနေတာဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားတွေ နေထိုင်ရာအရပ်တွေကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း မိုးဗြဲဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ ၊ ဖယ်ခုံမြို့တွေမှာ အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးရှိခဲ့တယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ ပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts