spot_imgspot_imgspot_imgspot_img
Saturday, September 14, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲရေကာတာ၊ ရေတံခါးဖောက်ချမှုကြောင့် လယ်တွေ ထပ်မံ ရေလွှမ်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ရှမ်း- ကရင်နီနယ်စပ်က မိုးဗြဲရေကာတာ ရေတံခါးကို မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ခမရ (၄၂၂) တပ်ကနေ ဖောက်ချလိုက်တာကြောင့် လယ်စပါး ထပ်မံ ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်မှာပဲ ပထမအကြိမ် ရေဖောက်ချတာကြောင့် ပျက်စီးသွားတဲ့ လယ်ဧက နေရာမှာ နွေစပါးပြန်စိုက်နိုင်ဖို့ ပြင်ဆင်နေစဉ် ဒုတိယအကြိမ် ထပ်မံနှစ်မြုပ်သွားတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“လယ်ကတော့ ထပ်ပျက်စရာ အကြောင်းတော့ မရှိပါဘူး။ ပျက်ပြီးတဲ့ဟာတွေပဲလေနော်။ အဲ့ဒါတော့ ရေမြုပ်တဲ့ဟာက ရေထပ်မြုပ်တဲ့ ပုံစံမျိုးတော့ ဖြစ်တာပေါ့။ အမှန်တော့ ကျနော်တို့ စဥ်းစားတာက အမြန်ဆုံးရေပြန်ခမ်းသွားရင်တော့ နွေစပါးပြန်စိုက်နိုင်အောင်စဥ်းစားတာ အခု ရေထပ်တက်တော့ ထပ်မြှုပ်တဲ့အဆင့်တော့ရှိတာပေါ့။ နောက်ထပ်အသစ်မြှုပ်တာတော့ မရှိဘူးပေါ့” လို့ ဦးဗညားက ဆိုပါတယ်။

မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေမှာလည်း နေအိမ်အတွင်းထိ ရေတွေဝင်ရောက်နေတယ်လို့ မိုး‌ဗြဲ စစ်ဘေးရှောင်ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရေကို ထပ်လွှတ်ပါတယ်။ မြို့ပေါ် ၂ ရပ်ကွက်တော့ ရေပြန်ဝင်တာပေါ့နော။ ရေထပ်လွှတ်လာလို့ စပါးစိုက်ထားတဲ့ လယ်အချို့ ပြန်မြုပ်သွားတာရှိတာပေါ့။”လို့ မိုး‌ဗြဲ စစ်ဘေးရှောင်ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့မှာ ပထမအကြိမ် ဖောက်ချလိုက်တဲ့ဆည်ရေကြောင့် ရေနှစ်မြှုပ်သွားတဲ့ စပါးခင်း ဧက ၁၀၀၀ ခန့်ရှိတယ်လို့ IEC က ခန့်မှန်းပြောဆိုထားပါတယ်။ လက်ရှိ ထပ်မံဖောက်ချမှုကြောင့် လယ်ဧက ထပ်မံ မြှုပ်သွားနိုင်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးဗြဲရေကာတာ ရေတံခါး ဖွင့်ချတဲ့ နောက်ဆက်တွဲအနေနဲ့ မိုးဗြဲမြို့ နဲ့ အနီးအနားက ကျေးရွာတွေ၊ ဝါရီဆူးပလိုင် ၊ ပီကင်းကောခူ ၊ ဘုရားဖြူ၊ ဘုရားနီ စတဲ့ ကျေးရွာက စပါးခင်းအများစု နှစ်မြှုပ်သွားသလို ရေဘေးကြောင့် စစ်ရှောင်ပြည်သူတွေလည်း လက်ရှိအချိန်ထိ နေထိုင်ရေး နဲ့ စားသောက်ရေးမှာ အခက်အခဲကြုံနေဆဲ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts