spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

မိုးများတဲ့အတွက် ရေချောင်းဘေးတစ်လျှောက် လယ်စပါး နဲ့ နှမ်းခင်းတွေ ရေနစ်မြှုပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

နှစ်ပတ်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့ နဲ့ ဒီးမော့ဆိုမြို့အစပ်မှာ ရှိတဲ့ ချောင်းရေတက်လာပြီး ချောင်းဘေးတစ်လျှောက်က ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်စပါးနဲ့ နှမ်းခင်းတွေဟာ ရေနစ်မြှုပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ချောင်းဘေးတစ်လျှောက်က ရေနစ်မြှုပ်သွားတဲ့ စပါး၊ နှမ်း ပျက်စီးတဲ့ ဧက ကို အတိအကျ မသိရှိရသေးပါဘူး။ ခုတ်ယူထားတဲ့ နှမ်းကို နေရာရွေ့ပြောင်းနိုင်ဖို့အတွက် လုပ်အားခ ကို တိုးမြှင့်ပေးလိုက်ရတယ်လို့ နှမ်းစိုက်ပျိုးတဲ့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

“အဓိက နှမ်းပေါ့၊ မိုးဆက်တိုက်ရွာလို့ ပုတ်နေတာရယ်၊ ခုက ခုတ်ထားတဲ့ နှမ်းတွေက ပိုပျက်စီးတာပေါ့။ တစ်ရက်နဲ့ တစ်ရက် ရေတက်တက်လာတော့ နှမ်းတွေမြှုပ်ကုန်လို့လေ၊ ကုန်းပေါ် အချိန်မီ မတင်နိုင်မှာ စိုးရိမ်လို့ လုပ်အားခ တစ်ရက် တစ်သောင်းခွဲ ကျပ်အထိ နဲ့ ခေါ်ယူလိုက်ရတယ်။” လို့ နှမ်းစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

ဇူလိုင်လ တတိယအပတ်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ချောင်းရေ မြှင့်တက်လာတာ ဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့အထိ မိုးရွာသွန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မိုးရွာသွန်းမှုကြောင့် လယ်စပါးခင်း ၊ နှမ်းခင်း အပြင် ပြောင်းခင်းနဲ့ တခြား သီးနှံစိုက်ခင်းတချိုု့လည်း ရေနစ်မြှစ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေ သွားလာရေးအတွက် အားထားရတဲ့ လမ်းမကြီးနေရာတချို့လည်း မြေပြိုမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ စိုက်ပျိုးထားတဲ့ စပါးခင်းတွ ထပ်မံ မနစ်မြှုပ်အောင် ချောင်းရေ စီးဆင်းနိုင်ဖို့ ပြုပြင်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts