spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

မိုးရေကြီးမှုကြောင့် ပွန်ချောင်းအနီးက စစ်ရှောင်တဲအိမ်တွေနဲ့ အိမ်မွေးတိရစ္ဆာန် တချို့ ရေထဲမျှောပါသွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ပွန်ချောင်းအနီးက စစ်ရှောင်စခန်းတစ်နေရာမှာ မိုးများပြီး ပွန်ချောင်းရေကြီးလာတာကြောင့် ချောင်းဘေးက စစ်ရှောင်တဲတွေအပြင် အိမ်မွေးတိရစ္ဆာန် တချို့ ရေထဲဲဲဲမျှောပါသွားတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သလို တောင်ကျရေတွေကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရုတ်တရက် ပွန်ချောင်းရေကြီးလာခဲ့တာပါ။ ယာယီတဲအိမ်တွေနဲ့ စားနပ်ရိက္ခာတချို့ မျှောပါသွားတာရှိပေမဲ့ လူအထိအခိုက်မရှိဘူးလို့ သိရပါတယ်။

“ညနေစောင်းဆိုတော့ ရေက ဗြုန်းခနဲ တက်လာတယ်ဆိုတော့ ပစ္စည်းဥစ္စာတွေလည်း ပါသွားတာ‌ရှိတယ်ပေါ့ စားနပ်ရိက္ခာတို့။ စစ်ရှောင်ဆိုတော့ တကယ့်အိမ်လိုမျိုးမလုပ်ထားတော့ ဖြစ်သလိုပဲနေကြတော့ ဆန်တို့ ပြီးတော့ ကြက်တွေလည်းပါတယ်။ ဝက်တွေကော ပြီးတော့ ဓါတ်ဆီ တော့ တစ်ဗုံးနှစ်ဗုံး ရေထဲမျော သွားတာရှိတယ်။ ပြီးတော့ ပွန်ချောင်းနံဘေးမှာ နေတဲ့ တဲတွေကြတော့ သူတို့ တဲတွေ အကုန်လုံး ဆုံးရှုံးသွားတာပေါ့နော်။ ပြီးတော့ သူတို့ အသစ်တွေပြန်လုပ်ရမဲ့ အနေအထားတွေရှိတယ်။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ပွန်ချောင်းရေကြီးနေဆဲအနေအထားဖြစ်ပြီး စစ်ရှောင်တွေကတော့ ရေဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ကျောင်းသားကျောင်းသူတချို့ ကျောင်းမသွားနိုင်တဲ့အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

“ရေကြီးတဲ့ ကိစ္စကြောင့်မလို့ ကလေးတွေ မသွားရဲတော့ဘူး။ မိဘတွေလည်း မပို့ရဲတော့ဘူး အဲ့လိုတွေရှိတယ်” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဒီးမော့ဆိုမြို့နယ်က ဒေါတမကြီးနဲ့ ဒေါညေးခူကျေးရွာက ဒေသခံတွေ နေထိုင်ကြပြီး လူဦးရေ ၁၈၂ ဦး ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts