spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

မိုးသည်းထန်စွာရွာ၍ ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ပြောင်းခင်းများပျက်စီး

Author

Date

Category

မူဂျာမီလှိုင်

ရှမ်း/တောင်ဒေသ လွယ်ပေါကျေးရွာအုပ်စု၊ လွယ်ပေါကျေးရွာ၌ စက်တင်ဘာလ ၁ရ ရက်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းသန်စွာ ရွာသွန်းမှုကြောင့် ပြောင်းစိုက်ခင်း ၁ဝဧကခန့် ပျက်စီးသွားကြောင်း သိရသည်။

ပြောင်းဖူးပင်များ မခြောက်သေးခြင်းကြောင့် အပျက်အစီးများနေကြောင်း ပျက်စီးသွားသည့် ၁ဝဧကအနက် သုံးဧကခန့် ပိုင်ဆိုင်သည့်တောင်သူ ဦးစိုင်းဖြူကဆိုသည်။

“ပြောင်းကောင်းကောင်းမခြောက်သေးတော့ ပျက်မှာပေါ့ အပင်ခြောက်ရင်တော့ တစ်မျိုးပေါ့ ရေနဲ့နီးရင်တော့ ကြက်သွန်တို့ပြန်စိုက်လို့ရတာပေါ့၊ အခုက ချောင်းနဲ့ နည်းနည်းဝေးနေတယ်ကော” ဟု ၎င်းက ဆိုသည်။

ဖယ်ခုံမြို့အရှေ့ဘက်ကမ်းတကြောသည် ပြောင်းဖူးကိုသာအဓိသထား စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုနေကြသည်။ ရာသီဥတုအပေါ်အခြေခံပြီး စိုက်ပျိုးရေးလုပ်ကိုင်နေရကာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းကြရသည်။ ရာသီဥတုကောင်းမွန်ပါက တစ်နှစ်စာဖူလုံပြီး ရာသီဥတုမကောင်းမွန်ပါက စားဝတ်နေရေးအတွက် ပူပန်ရသည်။

̏ အောင်မြင်မှ မိသားစုအတွက် နည်းနည်းစားသောက်ဖို့ပိုဖူလုံမှုရှိတာပေါ့၊ အခုတော့ အဲ့လိုမျိုးဖြစ်သွားတော့ ခက်ခဲသွားတယ် ရုန်းကန်ရမှာပေါ့˝ ဟု ပြောင်းဖူးပင်ပျက်စီးသွားသည့် တောင်သူတစ်ဦးကဆိုပါသည်။

ရာသီဥတုပြန်လည်ကောင်းမွန်ပါက ယခုပျက်စီးသွားသည့် ပြောင်းခင်းအစား နေကြာများကို ပြန်လည်အစားထိုးစိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရသည်။ ပျက်စီးသွားသည့် ပြောင်းခင်းသည် လက်ရှိပြောင်းဖူးပေါက်ဈေးအရ သိန်း ၂ဝ ခန့် ပျက်စီးသွားမည်ဖြစ်ကြောင်း တောင်သူများက ခန့်မှန်းထားသည်။

spot_img
spot_img
spot_img

Recent posts