spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲတောင်သူများ၏ မြေယာအပေါ် တပ်မြေ တိုးချဲ့သတ်မှတ်ရန် စီစဉ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲကျေးရွာအုပ်စု၊ သစ်ယာသစ်ရှူးကုန်းကျေးရွာ၏ တောင်ယာခင်းမြေနေရာများကို စစ်တပ်က တပ်မြေအဖြစ်တိုးချဲ့သတ်မှတ်ပြီး မှတ်တိုင်များ စိုက်ထူနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၈ရက်နေ့က မိုးဗြဲကျေးရွာအုပ်စု သစ်ယာထင်းရှူကုန်းရွာ၏ ရွာဘုန်းတော်ကြီးကျောင်းတွင် မိုးဗြဲရှိ ခမရ ၄၂၂ မှ တပ်အရာရှိများကရွာသူရွာသားများ၏ တောင်ယာခင်းမြေနေရာများကို တပ်ဧရိယာအမှတ်အသားစိုက်ထူရန်အတွက် စည်းရုံးရေးဆင်းခဲ့တာဖြစ်ပါသည်။

ယခုလို လာရောက်စည်းရုံးဆင်းနေသည့်အတွက် ဒေသခံတောင်သူများက မြေယာဆုံးရှုံးမည်ကို စိုးရိမ်ကြောက်ကြနေကြရသည့်အတွက် တပ်မြေဧရိယာ အမှတ်အသားစိုက်ထူရန် ကန့်ကွက်ကြောင်း ဒေသခံများက ပြောဆိုနေကြပါသည်။

မိုးဗြဲကျေးရွာအုပ်စုမှ ဒေသခံ ဦးအောင်မြင့်က ဦးအောင်မြင့်က “ကျွန်တော်တို့ကဒီတိုင်သာစိုက်လိုက်ပြီဆိုကတည်းကသူတို့နယ်ဧရိယာကိုအထက်ထိတင်ပြလိုက်မယ်။ တင်ပြပြီးသူတို့နယ်မြေကိုရွာသားတွေကထောက်ခံလိုက်မယ်ဆိုရင် သူတို့အပိုင်မြေဖြစ်သွားမယ်။ အဲတော့ ကျွန်တော်တို့ကဘာနဲ့သွားလုပ်စားရတော့မလဲ” ဟု ပြောသည်။

ထင်းရှူးကုန်းရွာသူရွာသားများက စားဝတ်နေရေးအတွက် အဓိကတောင်ယာလုပ်ငန်းလုပ်ကိုင်တာဖြစ်သည့်အတွက် တပ်အနေနှင့် ၎င်းတို့၏တောင်ယာမြေများအပေါ် အမှတ်အသားစိုက်ထူမှာကိုကန့်ကွက်ရခြင်းဖြစ်သည်။

တပ်အမှတ်အသားစိုက်ထူပေမည့် တောင်ယာခင်းမြေနေရာများတွင် တောင်သူများက ယခင်အတိုင်းဝင်ရောက်လုပ်ကိုင်စားသောက်နိုင်ကြောင်း နှင့် မြေအသုံးပြုမယ်ဆိုပါက အကြောင်းကြားရမှာဖြစ်သည်ဟု မခရ ၄၂၂ မှ ရွာအတွင်းစည်းရုံးရေးဆင်းသည့်အချန် တပ်အရာရှိတစ်ဦးကပြောသွားသည်ဟု တောင်သူများကို ပြောဆိုထားသည်ဟု သိရသည်။

ဒေသခံ ကိုမျိုးညွန့် “အခုကျွန်တော်တို့လုပ်လာတဲ့ မြေကျမှ သူတို့ တပ်ကသိမ်းသွားတယ်ဆိုတာ ပြည်သူလူထုကိုသူတို့က ဟုတ်လား တပ်နဲ့ပြည်သူလက်တွဲကူဆိုတဲ့ စကားကဘယ်မှာရှိတော့မလဲ ဟုတ်တယ်မလား။ ကျွန်တော်တို့က အဲဒီအတိုင်းအတာပါပဲ။ အခုလက်ရှိမှာသူတို့ကဒီလိုလုပ်တယ်ဆိုတာ ကျွန်တော်တို့က အခုလုပ်လာတာ ကျွန်တော်တို့ရွာမှာအခုလက်ရှိတော့ ၇၅%က တောင်သူလောက်ကမှီခိုအားထားပြီးလုပ်လာခဲ့ရတာ” ဟု ပြောသည်။

ထို့အပြင် ယခုလို တပ်နယ်နိမိတ် တိုးချဲ့သတ်မှတ်ရန် အမှတ်အသားစိုက်ထူးမည့်ကိစ္စသည် အထက်အမိန့်အတိုင်းသာ ဆောင်ရွက်နေရခြင်းဖြစ်သည်ဟု တောင်သူများကို အရာရှိက ပြောဆိုထားသည်ဟု သိရသည်။

ယခင်အစိုးရလက်ထက်တွင်လည်းကျေးရွာ၏ တောင်ဖက်ပိုင်းဖယ်ခုံအင်းဘေးရှိတောင်ယာမြေနေရာများတွင် အမှတ်အသားစိုက်ထူရန် စည်းရုံးရေးဆင်းခဲ့ချိန်ခါကလည်း မြေနေရာကိုတောင်သူတွေ လုပ်ကိုင်စားသောက်နိုင်ခွင့် ရှိပြီး အခွန်အခပေးစရာမလိုကြောင်း ပြောဆိုတာကြောင့် လက်မှတ်ထိုးခဲ့ရာမှ တပ်သိမ်းမြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်ဟု သိရသည်။

ယခုခမရ ၄၂၂ မှ တပ်ပိုင် အမှတ်အသားများစိုက်ထူမည့် ဧရိယာအတွင်းသစ်ယာထင်းရှူးကုန်းတောင်သူများပိုင်ဆိုင်သည့် တောင်ယာခင်း ၄၅ဝဧက ပါဝင်သည်ဟုသိရသည်။

spot_img
spot_img
spot_img

Recent posts