spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

မုန်တိုင်းပြီးနောက် ရေပြန်ကျလာပေမဲ့ ရေနစ်မြှုပ်သွားတဲ့ စပါးခင်းတွေ ပျက်စီးမှုများ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ် ဒေသတွေမှာ ရာဂီမုန်တိုင်းဖြတ်သန်းမှုရဲ့ အကျိုးဆက်ကြောင့် စက်တင်ဘာလအစောပိုင်းကစလို့ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး စပါးခင်းဧက ထောင်ချီ ရေနစ်မြှုပ်ခဲ့ကာ လက်ရှိမှာ ရေပြန်ကျလာပေမဲ့ စပါးခင်းတွေ ပျက်စီးမှုများတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပိုးတွေကျတဲ့ချိန်ဆို ဆေးဖြန်းဖို့လိုတယ်‌လေးနော။ ရေကကြီးလိုက်တော့ ဘာမှလုပ်လို့မရ။ အစာတွေကျွေးချင်လည်းဘာမှ လုပ်လို့မရဘူး။ ကြည့်ရုံကလွဲပြီးဘာမှ လုပ်လို့မရဘူး” လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသအသီးသီးက တောင်သူတွေဟာ ရာသီအလိုက် နွေစပါး၊ မိုးစပါးစိုက်ပျိုးကြတာပါ။ ယခုနှစ်ရေလွမ်းမိုးမှုကြောင့် စပါးသီးမှည့်နေပြီဖြစ်တဲ့နွေစပါးလည်း ပျက်စီးမှုရှိသလို၊ အနှံထွက်စ မိုးစပါးတွေလည်း စပါးပင်ပျက်စီးတယ်လို့ ဆိုပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီပြည်တွင်းရှိ မြေပြန့်ဒေသတွေသာမက တောင်ပေါ်ဒေသရှိ တောင်ယာစပါးခင်းရေနစ်မြှုပ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လွိုင်ကော်မြို့နယ်တွင်း လယ်စပါး ဧက ၃၀၀၀ ကျော်နဲ့ ဒီးမော့ဆိုမြို့နယ်တွင်းတောင်ယာစပါး ဧက ၁၀၀၀ ပျက်စီးခဲ့ရတယ်လို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လနောက်ဆုံးပတ်ကစ မိုးဗြဲဆည် ရေဖောက်ချခဲ့ပြီး ဘီးလူးချောင်းဘေးတစ်လျှောက်က စပါးစိုက်ခင်း ဧက ၁၀၀၀ ကျော်လည်းရေမြှုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်တုန်းက ခြောက်ဆလား၊ ခုနှစ်ဆလားလောက်ရရင် အခု သုံးဆလား လေးဆလားလောက်ရရင်တောင် ကံကောင်းတယ်ပေါ့။ စပါးကလုံးဝမကောင်းတော့ဘူး” လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ဆက်‌ပြောပါတယ်။

စပါးရိတ်စက် တစ်ဇလားမှာ စပါး ၇၃ တင်းဆန့်ပါတယ်။ ရိတ်စက်ရဲ့ အရွယ်အစားပေါ်မူတည်ပြီး တင်းရေ အနည်းအများကွာနိုင်တယ်လို့ သိရပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စပါးစိုက်ခင်းနစ်မြှုပ်မှုရှိခဲ့ပြီး ကိုးခုရှိ မြို့နယ်ပေါင်း ၅၄ မြို့မှာ စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး ပျက်စီးခဲ့တယ်လို့ အာဏာသိမ်း ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြောထားပါတယ်။

spot_img
spot_img

Recent posts