မူးယစ်ဆေးဝါးရောင်းဝယ်သူ နှစ်ဦးကို KSP ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက်သွားမည်ဟု ဆို

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်ရဲဌာန(KSP)ပူးပေါင်းအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူနှစ်ဦးကို ချုပ်နှောင်ထားပြီး အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကရင်နီပြည်ရဲဌာနက သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ နန်းမယ်ခုံမြို့ ခေါ်ခူရှမ်းရပ်ကွက်နေ ဦး………ရဲ့နေအိမ်ကို ကရင်နီပြည်ရဲဌာနမှ ပူးပေါင်းအဖွဲ့နဲ့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်မှာ အသင့်တွေ့ရှိရပြီး ခန္ဓာကိုယ်အား စစ်ဆေးရာ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ငယ်နဲ့ထည့်ထားတဲ့ WYစာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ ပြားအား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားမှာ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ ၊ ပွဲကုန်း ၃ ရပ်ကွက်နေ ဦး…………. ထံဝယ်ယူခဲ့ကြောင်း၊ ၎င်းမှာ ၁၀ရက်နေ့မှာ နန်းမယ်ခုံသို့လာရောက်ရန်ရှိကြောင်း သိရှိရတဲ့အတွက် နန်းမယ်ခုံ- မိုးဗြဲသွားကားလမ်းပေါ်မှာ ပူးပေါင်းအဖွဲ့ဖြင့် လမ်းကြောင်းပိတ်ဆို့ရှာဖွေစစ်ဆေးရာ တွေ့ရှိခဲ့ပြီး … Continue reading မူးယစ်ဆေးဝါးရောင်းဝယ်သူ နှစ်ဦးကို KSP ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက်သွားမည်ဟု ဆို