spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးနဲ့ မယ်စဲ့ ဒေသဘက်က ကိုယ်ဝန်ဆောင်မိခင် နဲ့ ၅နှစ်အောက် ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ လက်လှမ်းမမှီသေးဘူးလို့ KMS ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မော်ချီးဒေသနဲ့ မယ်စဲ့မြို့နယ် ဟာ ဝေးလံပြီး သွားရောက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး မလွယ်ကူတာကြောင့် အဲ့ဒီ ဒေသဘက်မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၅ နှစ်အောက် ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုနဲ့ အာဟာရဓတ်မျှတစွာ ရရှိနိုင်ဖို့အပိုင်းမှာ ထောက်ပံ့နိုင်တာ မရှိသေးဘူးလို့ ကရင်နီဘက်စုံသားဖွားအသင်း (KMS) ဥက္ကဌ နော်လွယ်ထူးက ပြောပါတယ်။

“မယ်စဲ့၊ မော်ချီးတို့က ကြိုးစားရအုံးမှာပေါ့နော။ အဲ့မှာ ဆရာမတွေရှိတယ်၊ ချိတ်ဆက်မှု အားနည်းတယ်၊ လမ်းကြောင်းခက်ခဲတဲ့အတွက် အရမ်းမသွားနိုင်ဘူးပေါ့နော။” လို့ နော်လွယ်ထူးက ပြောပါတယ်။

ကရင်နီဘက်စုံသားဖွား အသင်း (KMS)အနေနဲ့ လက်ရှိမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ၊ ဖယ်ခုံ စတဲ့ မြို့နယ်တွေအတွင်းမှာ အခြေခံကျန်းမာရေး ဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးတာ၊ လိုအပ်နေတဲ့ အာဟာရ နဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အကူအညီတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ကရင်နီဘက်စုံသားဖွားများ KMS အဖွဲအစည်းကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွဲစည်းခဲ့ပြီး လက်ရှိမှာတော့ မြေပြင် ဆရာ၊ ဆရာမ (၁၀၀) ကျော်ရှိကာ ဆေးခန်းအနေနဲ့ ၂၈ လုံးရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဖွဲ့ အစည်းရေရှည်ရပ်တည်နိုင်ဖို့ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

“အလုပ်က တော့ လုပ်နေတာပေါ့။ ဆရာ၊ မတွေကိုတော့ Support မပေးနိုင်ဘူး၊ ဆရာမ တွေကိုတော့ အာနားတယ်၊ ကျမတို အဲလောက်ထိ amount များတာ မရှိဘူးပေါ့၊ ချိတ်ဆက်မှုလည်း အားနည်းတယ်၊ အမှန်တကယ်မြေပြင်မှာလုပ်တဲ့ ဆရာမတွေလည်း ရှိတယ်၊ member ဝင်ထားတာလည်း ရှိတယ်၊ အခြားအဖွဲတွေနဲ့ လာတာလည်း ရှိတယ်ဆိုတော့ အားလုံးကလည်း KMS တွေဖြစ်တယ်။” လို့ နော်လွယ်ထူးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်အတွင်းမှာလည်း ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖယ်ခုံမြို့နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင် ၁၅၀ ကျော်ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ လက်အောက်က အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန နဲ့ KMS ပူးပေါင်းပြီး ပထမဆုံး အကြိမ် ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လူဦးရေ ၃သိန်းနီးပါး စစ်ဘေးရှောင်နေကြရတဲ့ ကရင်နီပြည်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၅ နှစ်အောက် ကလေးငယ်တွေဟာ အဖက်ဖက်မှ ကူညီပံ့ပိုးမှုတွေ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။

spot_img
spot_img

Recent posts