spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

မော်သီဒိုရွာအနီး ကားတစ်စီးတိမ်းမှောက်ပြီး ‌ကျောင်းသားတစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ ( ဒီဇင်ဘာလ ၂၀ ရက်နေ့ ) ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒိုကျေးရွာအနီးမှာ ဆင်ဖြူတောင်ကနေ ပြန်လာတဲ့ ကားတစ်စီး တိမ်းမှောက်ပြီး အလယ်တန်းကျောင်းသား တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ် ) ကို ‌ပြောပါတယ်။

“ကားဘီးပေါက်ပြီးတော့မှ အကွေ့ဆင်းနားမှာပေါ့နော။ ကမ်းပါးကိုသွားပြီးတော့မှ ကြုံးတယ်ထင်တယ်။ ကြုံးပြီးတော့မှ သူ့ကားကိုလည်း ကြည့်လိုက် သွားတိုက်မိထားတယ်။ တိုက်မိပြီးတော့မှ လှဲသွားတာထင်တယ်။ မှောက်သွားတာပေါ့။ လှန်ပြီး မှောက်သွားတာပေါ့။” လို့ အဆိုပါဒေသခံက ပြောပါတယ်။

တိမ်းမှောက်တဲ့ကားပေါ်မှာ ကားမောင်းဆရာအပါအဝင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ တွေ စီးနှင်းလိုက်ပါခဲ့ပါတယ်။

ကားတိမ်းမှောက်မှုကြောင့် သတ္တမတန်းကျောင်းသားတစ်ဦး ဆေးရုံပို့ဆောင်စဥ် သေဆုံးသွားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကျောင်းသား ၅ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေပြီး ကျန်သူတွေကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်စီ ရရှိကြတယ်လို့ သိရပါတယ်။

“ဒီအချိန်က ပွင့်လင်းရာသီလို့ ပြောရမှာပေါ့နော။ ခရီးတွေဘာတွေ သွားလို့ကောင်းတဲ့ ရာသီလည်းဖြစ်တော့ နောက်ပြီး ဆင်ဖြူတောင်က လူတွေ တအားသွားကြတဲ့ နေရာလည်းဖြစ်တော့ ဒီရာသီနဲ့ဆို‌တော့ ခရစ္စမတ်လည်း ရောက်တော့မယ်ဆိုတော့ သွားကြတာတော့ တွေ့တယ်ပေါ့နော။ အဖွဲ့လိုက် သွားလည်ကြတာတွေ သင်တန်းတွေပြီးလို့ အဲဒီလိုမျိုး ကျောင်းသားကျောင်းသူတွေ သွားပြီးလည်တာမျိုးတွေကတော့ တွေ့တယ်ပေါ့နော။” လို့ ဆင်ဖြူတောင်အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ တစ်လအတွင်း ဖရူဆိုအနောက်ဘက်ခြမ်းမှာ ကားတိမ်းမှောက်မှု ( ၃ ) ကြိမ်အထိ ရှိခဲ့ပြီး သေဆုံးသူ ၃ ဦးရှိကာ ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts