spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ယမန်နေ့ မိုးဗြဲမြို့နယ် ဖလိုင်ကျေးရွာမှာ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့

ကန္တာရဝတီတိုင်း ( မ် )

ယမန်နေ့ (ဩဂုတ်လ ၃ရက်နေ့ ) ည ၈နာရီခွဲအချိန်မှာ မိုးဗြဲမြို့နယ် ဖလိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ ကင်းပုန်းကို မိုးဗြဲဲ PDFက သွားရောက်ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်နဲ့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ဖလိုင်ဘက်မှာ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တာပေါ့နော။ ခမရ ခြေမြန်တပ် ၄၂၂ ကိုလည်း လက်နက်ကြီးတွေနဲ့ သွားပစ်တာတွေရှိတယ်။ နောက်လက်နက်ငယ်တွေနဲ့ သွားပစ်တာတွေလည်းရှိတယ်ပေါ့။သူတို့ဘက်က ပြန်ပစ်လာတာလည်း ရှိတယ်။ ခမရဘက်ကလည်း ဒီအရပ်ထဲကို ပြန်ပစ်လာတာတွေလည်း တချို့ရှိတယ်။ တိုက်ပွဲကတော့ တအားကြာမြှင့်မှုတော့ မရှိပါဘူး။ နာရီဝက်လောက် အကြီးနဲ့ပစ်တာတွေရှိတယ်။ ” လို့ မိုးဗြဲ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိသလို စစ်ကောင်စီဘက်က အထိအခိုက်ရှိမရှိကိုတော့ အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက ပြန်လည်ပစ်ခတ်တဲ့ လက်နက်ကြီးက ကျေးရွာအတွင်း ကျရောက်တာရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အခြေစိုက်တပ်ကို ပူးပေါင်းတပ်ဖွဲ့ဖက်ကနေပြီး မကြာခဏ သွားရောက်ပစ်ခတ်နေတာဖြစ်ပါတယ်။ အလားတူ ယမန်နေ့ည ၈နာရီကျော်အချိန်မှာလည်း လွိုင်ကော်မြို့အတွင်းမှာ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေ ရှိခဲ့တယ်လို့ လွိုင်ကော်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ရက်နေ့မှာလည်း မိုးဗြဲမြို့နယ် နေရာတော်တော်များများမှာ စစ်ကောင်စီတပ်သားတွေဖြန့်ချထားတဲ့အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ပြီး စစ်ကောင်စီရှိရာနေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြဖို့ မိုးဗြဲPDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ မိုးဗြဲမြို့ထဲကိုစစ်ကား ၂၁ စီး၊ အင်အား (၃၀၀) ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၃နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

spot_img
spot_img