spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ယဥ်ကျေးမှုပြတိုက်က ပစ္စည်းတွေကို ထိန်းသိမ်းဖို့ ယာယီကော်မတီတစ်ရပ် ဖွဲ့စည်းထားတယ်လို့ IEC ဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့ ယဥ်ကျေးမှုပြတိုက်က ပစ္စည်းတွေကို ယာယီကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်ထားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ကာကွယ်ထိန်းသိမ်းမှုတွေကို အသေအချာ ဆောင်ရွက်နိုင်ဖို့ ရှေးဟောင်းရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းခြင်းဆိုင်ရာ ကော်မတီ (သို့မဟုတ်) ဌာနကို ဖွဲ့စည်းလုပ်ဆောင်ဖို့လည်း ရှိပါမယ်။ အခုလောလောဆယ်တော့ ယာယီကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပါတယ်။” လို့ ခူပလုရယ်က ပြောပါတယ်။

လွိုင်ကော်မြို့ပြ ၁ လေးလုံးစစ်ဆင်ရေးအတွင်း IEC အနေနဲ့ လွိုင်ကော်မြို့ ယဥ်ကျေးမှုပြတိုက်မှုရှိတဲ့ တိုင်းရင်းသားရိုးရာ အမွေအနှစ်တွေကို အကုန်လုံးမထုတ်ယူနိုင်ခဲ့ဘူးလို့ ခူပလုရယ်က ဆက်ပြောပါတယ်။

“ယဉ်ကျေးမှုပြတိုက်အတွင်းမှာရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကိုတော့ မထုတ်ယူနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အဓိက ကျတဲ့ ရိုးရာတူရိယာ၊ ရိုးရာအသုံးအဆောင်၊ ဖားစည် စတာတွေကိုတော့ လုံခြုံစိတ်ချရတဲ့ နေရာကို ရွေ့ပြောင်းထိန်းသိမ်းနိုင်ခဲ့ပါတယ်။ လက်နက်ပစ်ခတ်မှုတွေကြောင့် ပစ္စည်းအချို့ ပျက်စီးတာတွေ ရှိနိုင်ပါတယ်။” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ IEC အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ပစ္စည်းတွေကို နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိမယ်လို့ ဆိုပါတယ်။ ယဥ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေကို ရှေရှည်တည်တံ့နိုင်ဖို့ “ကာကွယ်ထိန်းသိမ်းမှုနဲ့ဆိုင်တဲ့ မူဝါဒတွေ၊ ဥပဒေတွေ”ကို နောက်ပိုင်းတွေမှာ ပြဌာန်းပြီး ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့လည်း သိရပါတယ်။

လွိုင်ကော်မြို့ ပဋိပက္ခကာလအတွင်း ယဥ်ကျေးမှုပြတိုက်မှာရှိတဲ့ ရိုးရာယဥ်ကျေးမှုပစ္စည်းတွေကို လုံခြုံတဲ့နေရာမှာ ပြောင်းရွေ့ထားတယ်လို့ IEC က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts