spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ရဟတ်ယာဥ် ခပ်စိပ်စိပ်ပျံသန်းနေချိန်မှာပဲ ဖရူဆို အရှေ့ခြမ်းရှိ ကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ််တဲ့အတွက် ဒေသခံတွေစိုးရိမ်

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇွန်လ ၁၇ရက်) နေ့လည်ပိုင်း ၁၂ နာရီ အချိန်၊ ကရင်နီပြည် ဖရူဆိုမြို့နယ်ရှိ အမှတ် (၁၄) တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဘောလခဲဘက်ကို စစ်ရဟတ်ယာဥ် ဆင်းတက်နေချိန်မှာပဲ ဖရူဆို အရှေ့ဘက်​ခြမ်းရှိတဲ့ ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ပြီး ဒေသခံတွေ တောင်ယာစိုက်ပျိုးနေကြတာဖြစ်လို့ ထိမှန်မှာကို စိုးရိမ်နေကြပါတယ်။

” ရွာထဲတော့ မကျဘူး၊ ဟိုး တောင်ကျောဘက်မှာ ကျပေမယ့် ကြောက်ရတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာအတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိပဲ ဖရူဆို အမှတ် (၁၄) တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ရဟတ်ယာဥ် ဆင်းတက်နေချိန်မှာပဲ ဖရူဆို အရှေ့ဘက်ခြမ်း ကျေးရွာရှိတဲ့ဘက်ကို လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

ဖရူဆိုမှာ နေ့ရော ညပါ ယခုလို လက်နက်ကြီးပစ်ခတ်မှု ရှိနေတာကြောင့် ဖရူဆိုမြို့မှ ကျေးရွာအချို့နဲ့ ဒေသခံ၊ စစ်ရှောင်များ ထွန်ယက်စိုက်ပျိုးနေကြပြီဖြစ်တဲ့အတွက် ဒေသခံတွေက စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းမှာလည်း ဖရူဆို အရှေ့ခြမ်းရှိ ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်မှုရှိနေ
လို့ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ယမန်နေ့ ဖရူဆို အမှတ် (၁၄) တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ ဘောလခဲကို စစ်ရဟတ်ယာဥ် ပျံသန်းနေချိန်မှာပဲ လက်နက်ကြီးပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထိခိုက်ဒဏ်ရာမရှိပေမယ့် ဒေသခံတွေနဲ့ စစ်ရှောင်တွေက ထွန်ယက်စိုက်ပျိုးရာသီကာလမှာ ယခုလို ပစ်ခတ်တာကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

spot_img
spot_img