spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

ရေနီအသုံးပြုနေရတဲ့ ကျေးရွာတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူရှိ

Author

Date

Category

CJ /ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ (၅) ရွာမှာ သောက်သုံးရေအတွက် ရေနီကို အသုံးပြုနေရပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၅ ယောက် ၁၀ ယောက်အထိ။ ထပ်ခါထပ်ခါ ဖျားတဲ့ လူနာများရင်တော့ စိုးရိမ်ရတယ်။ ဖျားတဲ့ လူများလာရင် ဆိုင်တဲ့ နေရာ၊ အဖွဲတွေ ပြောပြရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေနီကိုအသုံးပြုနေရတဲ့ ကျေးရွာတွေမှာ ဒေသခံတချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတဲ့အပြင် ကလေးငယ်တွေဟာ အရေပြားယားယံမှုတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။ ရေရှားပါးမှု နဲ့ ရေမသန့်တာကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးမပြုလုပ်နိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူတွေ များလာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ကျန်းမာရေးက ရေနဲ့ ဆိုင်တယ်လေး။ ကျနော်တို့ ဒီမှာနေတာ ရေမရှိဘူးလေးနော၊ ရေမရှိတော့ ရေချိုးဘာညာမရှိလို့ ကျန်းမာရေး ထိခိုက်နိုင်တယ်ပေါ့။ ရေဝယ်ဖို့ကျတော့လည်း မတတ်နိုင်ဘူးပေါ့။ အဲ့တော့ ဝမ်းပျက်ဝမ်းလျှောတော့ စိုးရိမ်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ (၅) ရွာမှာ ယခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်ကစပြီး စုဆောင်းထားတဲ့ ရေသိုလှောင်ကန်မှာ ရေမရှိတော့တဲ့အတွက် သောက်သုံးရေရရှိဖို့ ရေနီကိုသာ အသုံးပြုနေရတာပါ။

သောက်သုံးရေရရှိဖို့အတွက် ရေနီကန်က ရေကို ကျေးရွာ ၅ ရွာအပြင် စစ်ဘေးရှောင်တွေလည်း စုပေါင်း အသုံးပြုနေကြတာဖြစ်ပါတယ်။ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတာကြောင့် ရေလှူဒါန်းပေးဖို့ကိုလည်း ကျေးရွာဒေသခံတွေ နဲ့ စစ်ဘေးရှောင်တွေက တောင်းဆိုထားကြပါတယ်။

spot_img
spot_img
spot_img

Recent posts