spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

ရေဘေးသင့် ကျေးရွာတစ်ရွာရဲ့ ကိုယ်ထူကိုယ်ထကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အကူအညီလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ လွိုင်ကော် – ဒီးမော့ဆိုမြို့နယ်စပ် ဘုရားဖြူကျေးရွာအုပ်စုအတွင်းက ရေဘေးသင့်တဲ့ ကျေးရွာတစ်ရွာရဲ့ ကိုယ်ထူကိုယ်ထကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ကျေးရွာဟာ စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ် ရေနစ်မြှုပ်ခဲ့ရပါတယ်။ လတ်တလောမှာတော့ ရေအနည်းငယ် ပြန်ကျပြီဖြစ်တာကြောင့် ကလေးတွေရဲ့ ပညာရေးအတွက် စာသင်ကြားနိုင်ဖို့ စီစဉ်နေပြီး စာရေးကိရိယာ နဲ့ ကျောင်းသုံး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတာဖြစ်ပါတယ်။

“စာသင်ဆောင်မှာ နေအိမ်မှာ စာသင်လို့တော့ မရသေးဘူးပေါ့ ဘုန်းကြီးကျောင်းမှာ သင်ဖို့တော့ ပြောထားတယ်။ သူများရွာမှာ သင်မလားဆိုတော့ အကူအညီတောင်းသေးတယ် ဒါပေမယ့် အဆင်မပြေဘူးလေး ကလေးကလည်း များနေတော့။”လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် အဆိုပါ ကျေးရွာရဲ့ မူလတန်းစာသင်ကျောင်းကို ယာယီပိတ်ထားရတာ နှစ်လကျော်ရှိနေပြီး ကျောင်းသားတွေရဲ့ ပညာရေး နှောင့်နှေးနေပြီဖြစ်တာကြောင့် အခက်အခဲကြားက ကျောင်းပြန်ဖွင့်နိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“နောက်ကျတော့မှာလေးနော ပညာရေးက ကလေးတွေအတွက်ပေါ့။ ရေကတော့ ခုရက်ပိုင်းလောက်မှာပဲ ကျတာ အကျနှေးတယ်။ ဒါပေမယ့် စီစဥ်ရမှာပဲ ဘုန်းကြီးကျောင်း သန့်ရှင်းရေး ပြန်လုပ်ပြီး စာသင်ကြမှာပေါ့နော။”လို့ ကျေးရွာခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကျောင်းသုံး သင်ထောက်ကူပစ္စည်းအပြင် စာသင်ဆောင်တွေလည်း ရေနစ်မြုပ်ခဲ့တာကြောင့် အကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။ ကျေးရွာရဲ့ စာသင်ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ (၅၀) ကျော်ရှိပြီး ဆရာ၊ ဆရာမ ၆ ဦး ရှိနေပါတယ်။

ရေဘေးသင့်တဲ့ အဆိုပါ ကျေးရွာမှာတော့ အိမ်ခြေ (၁၀၀) ရှိပြီး လူဦးရေ ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts