spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

ရေမသန့်ရှင်းမှုကြောင့် ကလေးအများစု ပွေးဝဲယားယံမှု ဖြစ်ပွား

ကန္တာရဝတီုတိုင်း( မ် )

ကရင်နီပြည် ရှားတောမြို့ သရီးဒါးကျေးရွာမှာ ပြီးခဲ့တဲ့ နှစ်ပတ်ကစတင်ပြီး ပွေးဝဲယားယံကူးစက်မှု ဖြစ်ပေါ်နေတယ်လို့ ကရင်နီကျန်းမာရေး ဆေးဆရာမတစ်ဦးဆီကနေ သိရပါတယ်။

သူရဲ့လက္ခဏာဟာ သာမာန်အရည်ပြားယားယံတာမျိုးမဟုတ်ပဲ ရေမသန့်ရှင်းမှုကြောင့် ပွေးဝဲပုံစံမျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။

“တော်တော်များများက အဲ့ဒီပွေးဖြစ်ကြတာများတယ်။ ပြီး ဝဲတွေဖြစ်ကြတာများတယ် သူတို့။ တခြားရွာတွေမှာဆိုရင်လည်း သွားကြည့်လိုက်လို့ရှိရင် သူတို့ တခြားအရည်ပြားရောဂါထက် ယားနာတာတွေ ပိုဖြစ်ကြတယ်။” လို့ သူက ပြောပါတယ်။

ပွေးဝဲဟာ အသုံးပြုတဲ့ရေမသန့်ရှင်းတာနဲ့ ချွေးတွေကြောင့် ဖြစ်ပေါ်တတ်ပြီး နီးစပ်တဲ့သူတွေကိုလည်း အလွယ်တကူ ကူးစက်တတ်တယ်လို့ ဆိုပါတယ်။ အများအားဖြင့် ယောကျာ်းလေးတွေမှာ အဖြစ်များပြီး သာမာန်အရည်ပြားယားယံတာမျိုးထက် ပျောက်ကင်းဖို့အတွက် အချိန်ပိုကြာနိုင်တယ်လို့ ဆိုပါတယ်။

“သူတို့ကိုတော့ လိမ်းဆေးပေးထားတယ်။ သူတို့ရဲ့ ဆိုးတဲ့အပေါ်မူတည်ပြီးတော့မှ လူနာကို ကြည့်တဲ့အပေါ်မှာ မူတည်ပြီးတော့မှပေါ့နော။ တစ်ကိုယ်ရည်သန့်ရှင်းရေးလည်း ပြောထားတယ်။ လိုအပ်တဲ့ဆေးတွေလည်း ပေးထားပါတယ်။” လို့ ဆိုပါတယ်။

ဆေးအညွှန်းအတိုင်းလိုက်မနာဘူးဆိုရင် ပိုမိုဆိုးဝါးလာနိုင်တယ်လို့ သူက ပြောပါတယ်။ အခုလို ပွေးဝဲယားယံမှုတွေဟာ အခုဆိုရင် ကလေးငယ်တွေမှာ အဖြစ်များနေပြီး အနီးအနားကကျေးရွာတွေမှာလည်း ဖြစ်နေတာတွေမှာ ရှိတယ်လို့ ဆိုပါတယ်။

ပွေးဝဲတွေဟာ ကလေးတွေအများအပြားနေထိုင်တဲ့ ဘော်ဒါဆောင်တွေမှာ ကူးစက်မှုများနေပြီး ယခင်နှစ်တွေထက် ကူးစက်မှု ပိုများလာတယ်လို့ သိရပါတယ်။

ရှားတောမြို့နယ်အတွင်းက ကျေးရွာတွေဟာ တခြားမြို့နယ် ကျေးရွာတွေထက် လမ်းပန်းဆက်သွယ်ရေးသော်လည်းကောင်း အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးလျက်ရှိပြီး ကျန်းမာရေးပိုင်းမှာလည်း လိုအပ်ချက်တွေများပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img