spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ရဲဘော်အင်အားတိုးလာတဲ့အတွက် ဆန်ရိက္ခာ အိတ် (၁၀၀၀) ဖြည့်တင်းရေးအစီစဥ် KNDF ဆောင်ရွက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် တော်လှန်ရေးကဏ္ဍမှာ ပါဝင်လှုပ်ရှားနေတဲ့ ရဲဘော်အင်အားတွေ တိုးလာတာနဲ့အမျှ အဓိက စားနပ်ရိက္ခာဖြစ်တဲ့ ဆန် လိုအပ်ချက်တွေများနေတာကြောင့် မေလ ၄ရက်နေ့ကစပြီး ဆန်အိတ်(၁၀၀၀)ဖြည့်တင်းရေး အစီစဥ်ကို စတင်ခဲ့တယ်လို့ KNDF ရဲ့ ဒုစစ်ဦးစီးချုပ်ရုံးက Fundingရှာဖွေရေးအပိုင်းမှာ တာဝန်ယူနေတဲ့ ဆရာမတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အခုဆန်ဖြည့်တင်းရေးကလေ လတိုင်းမလုပ်ပါဘူး။ ဒီရှေ့လက ဗျူဟာအသစ် သင်တန်းပေးတာရော
ဒီလ လဲနောက်လူသစ် သင်တန်းဆက်ပါတယ်။ နယ်မြေစုံကတော့ ဆန်အိတ်ကအတော်ကို လိုအပ်နေတာမို့ပေါ့နော်။ အဲ့ကြောင့် ဒီဆန်အိတ်၁၀၀၀ဖြည့်ဖို့ကြိုးစားရခြင်းဖြစ်ပါတယ်။ ၄ရက်နေ့ကနေစပြီး ဆန်အိတ်အတွက်စရှာထားပါတယ်။ ဝိုင်းကူပေးတဲ့အားတွေနဲ့ ခုလက်ရှိ အိတ်၃၃၀လောက်တော့ရထားပါပြီ ” လို့ KNDF ရဲ့ ဒုစစ်ဦးစီးချုပ်ရုံးက Fundingရှာဖွေရေးအပိုင်းမှာ တာဝန်ယူနေတဲ့ ဆရာမတစ်ဦးကကဆိုပါတယ်။

ဆန်အိတ် ၁၀၀၀ ဖြည့်တင်းရေးအစီစဥ်ကနေ ရရှိမယ့် ဆန်တွေကိုတော့ စစ်ဆင်ရေးကဏ္ဍမှာ ပါဝင်တဲ့ရဲဘော်တွေအတွက်အပြင် ထိခိုက်ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ပြန်လည်မျှဝေစားသုံးသွားမှာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဒု – စစ်ဦးစီးချုပ် မာဝီက ကအခုလိုပြောပါတယ်။

“ဒါကတော့ ကျနော်တို့ တပ်ရဲ့ အခန်းကဏ္ဍအားလုံးမှာ သုံးမှာပါ။ ကျနော်တို့ ကြေငြာထားတဲ့အတိုင်းပဲ ကျနော်တို့ စစ်ဆင်ရေးကဏ္ဍတွေမှာ သုံးစွဲသွားမယ်။ နောက်တန်းရဲ‌ဘော်တွေအတွက် ဒီ အရံတပ်တွေအတွက် သုံးစွဲတယ်။ ပြီးလို့ရှိရင် ဒါကျဆုံးသွားတဲ့ ရဲဘော်မိသားစုဝင်တွေကို ကျနော်တို့ ပေးအပ်သွားတဲ့ဟာတွေ ထိခိုက်သွားတဲ့သူတွေ ပေးတာပေါ့နော်။”လို့(KNDF)ရဲ့ ဒု – စစ်ဦးစီးချုပ် မာဝီက ကဆိုပါတယ်။

လက်ရှိပြုလုပ်တဲ့အစီစဥ်မှာ ပါဝင်လှူဒါန်းသူတွေဟာ ဆန်ရိက္ခာကို တိုက်ရိုက် ပါဝင်လှူဒါန်းနိုင်သလို ငွေသားနဲ့ ပါဝင်လှူဒါန်းပေးနိုင်တယ်လို့လည်းသိရပါတယ်။

အဆိုပါ ဆန်အိတ် ၁၀၀၀ ဖြည့်တင်းမှု အစီစဥ်ဟာ လတ်သလော အရေးပေါ် လိုအပ်ချက်အတွက်သာဖြစ်ပြီး လက်ရှိမှာဆန်အိတ် ၃၅၀ သာ ရရှိသေးတာကြောင့် အမြန်ပါဝင်ပေးကြဖို့ကိုလည်း KNDF ရဲ့ ဒုစစ်ဦးစီးချုပ်ရုံးက Fundingရှာဖွေရေးအပိုင်းမှာ တာဝန်ယူနေတဲ့ ဆရာမတစ်ဦးက မေတ္တာရပ်ခံထားပါတယ်။

spot_img
spot_img
spot_img

Recent posts