spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ရွာလမ်းဘတ်ဂျက်မရသဖြင့် ကိုယ်ထူကိုယ်ထလမ်း ဆောင်ရွက်ခဲ့ကြ

Author

Date

Category

စိုးထိုက်အောင်

ဖရူဆိုမြို့နယ်၊ လောဂျာကျေးရွာအတွင်းမှာ ရွာလယ်လမ်းခင်းဖို့အတွက် လွှတ်တော်မှာ တင်ပြထားပေမယ့် အစိုးရဘက်ကလျာထားဘတ်ဂျက်တွေမပါတဲ့အတွက် ကျေးရွာလူထုတွေကနေပူးပေါင်းပြီးတော့ ကွန်ကရစ်လမ်းပြုလုပ်ခဲ့ကြတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

ဦးသဲရယ်က “ဘယ်ခုနှစ် ဘယ်အချိန်လုပ်ပေးမယ်ဆိုတဲ့ဟာမျိုးတော့ တိတိကျကျဖြေပေးတာမျိုးတော့မရှိဘူး။ အဲ့ဒါကျတော်တို့ဘတ်ဂျက်အခြေအနေအရ ကျတော်တို့လုပ်ပေးမယ်။ ဒီလမ်းလဲရွာတွင်းလမ်းဖြစ်တယ်ပေါ့နော် နောက်ကျောက်ချောလမ်းလဲရပြီးသားဆိုတော့ ထပ်ပေးဖို့က အဆင်မပြေသေးဘူးဆိုပြီးတော့မှအဲ့လိုပဲပြန်ဖြေလာတာပေါ့နော်”လို ပြောပါတယ်။

လောဂျာကျေးရွာမှ ရွာသူ/ရွာသားများကွန်ကရစ်လမ်းခင်းနေကြပုံ

၂၀၁၇ခုနှစ်ကတည်းတင်ပြထားပြီး အစိုးရဘက်က လုပ်ပေးတာလဲမရှိသလို၊ လျာထားပေးတာလဲ မရှိဘူးလို့ဆိုပါတယ်။

၂၀၁၀ ခုနှစ်နောက်ပိုင်းက ဖရူဆိုမြို့နယ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွေကနေပီးတော့ (၆.၁၈ဖာလုံ) ကျောက်ချောလမ်းဖြစ်ပြီး ၎င်းလမ်းမှာ ပျက်စီးနေပြီဖြစ်လို့ ကတ္တရာလမ်း ထပ်မံတောင်းဆိုထားတာဖြစ်ပါတယ်။

ယခုအခါမှာဆိုရင် ရွာရဲ့အနေအထားအရ အတက်အဆင်းတွေအရမ်းများပြီး ရေတိုက်စားမှုတွေနဲ့ လမ်းတွေပျက်စီးနေတဲ့အတွက်အကြောင့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းလုပ်လိုက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

လောဂျာကျေးရွာရဲ့ရာအိမ်မှုးဦးတီရယ်က “အခုတော့ ကတ္တရာနဲ့လိုချင်တယ် တင်ပြတော့လဲ မရလို့ အဲ့ဒီကျောက်ချောလမ်းကို မြေနဲ့သဲ ထပ်ဖို့လိုက်တယ်။ ဒါပေမဲ့ကုန်းတက်တဲ့နေရာတော့မြေနဲ့သဲ ထပ်ဖို့ရင်လဲ မရဘူး အဆင်မပြေလို့အဲ့ဒီ ကွန်ကရစ်လမ်းပဲ လုပ်လိုက်တာပေါ့” အခုလို ကွန်ကရစ်လမ်းလုပ်ရတဲ့အကြောင်းကိုရှင်းပြပါတယ်။

လာမည့် မတ်လအတွင်းမှာလည်း ကျေးရွာတွင်း ကက်သလစ်ဘာသာကိုသက်ဝင်ယုံကြည်လာတနှစ် ၅၀ ပြည့်ဂျူဗလီပွဲကျင်းပမှာဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ အရေးတကြီးလိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်တွေသဲတွေဘိလပ်မြေတွေရေတွေကိုတော့ အရင်နှစ်က စုထားတဲ့ ရွာရဲ့ရံပုံငွေတွေနဲ့ ထည့်ဝင်ထားကြတယ်လို့သိရပါတယ်။

“အခုလောလောဆယ် ဒီလုပ်ငန်းရဲ့ရန်ဘုံငွေကျတော့ပီးခဲ့တဲ့ ကျေးရွာရဲ့ထားရှိထားတဲ့ရန်ဘုံငွေနဲ့ပဲ ကျတော်တို့အရင်စလုပ်လိုက်တာပေါ့နော်” ကျေးရွာရဲ့ရပ်မိရပ်ဖ ဦးထားဦးက ပြောပါတယ်။

အိမ်ခြေ (၈၀)ခန့်ရှိတဲ့ လောဂျာကျေးရွာမှာဆိုရင် ကိုယ်ထူကိုယ်ထလမ်းခင်းတာ (၂)ရက်ရှိနေပီဖြစ်ပီးတော့ ရွာသူရွာသားတွေအနေနဲ့တစ်အိမ်ကို (၁)ယောက်နှုန်းလာရောက်လုပ်အားပေးကြတဲ့အတွက် လူအင်အားအနေနဲ့ဆိုရင် တစ်ရက်ကိုအနည်းဆုံး ၇၀-၈၀ ဝန်းကျင်လောက်လာရောက် လုပ်အားပေးကြတယ်လို့သိရပါတယ်။

spot_img
spot_img
spot_img

Recent posts