ရွာလုံးကျွတ်မီးရှို့ခံရတဲ့ လတူးကျေးရွာအနီး စစ်ကောင်စီတပ်က နေရာယူထားဆဲ၊ ဒေသခံတွေ နေရပ်မပြန်နိုင်သေး

ကန္တာရဝတီတိုင်း(မ်) ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ အုပ်စုအတွင်းက လတူး(ကယန်းရွာ) ကျေးရွာကို နိုဝင်ဘာလ ၈ရက်နေ့မှာ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့ပြီး စစ်ကောင်စီတပ်က နေရာယူထားဆဲဖြစ်တဲ့အတွက် ပျက်စီးမှု အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “၃၀ ကျော်လောက်ထင်တယ်။ အဲ့ဒါအသေးစိတ်တော့မသိရသေးဘူး အဲ့ရွာက အဲ့လောက်ပဲရှိမယ်။ ရှို့လိုက်တာက သေချာတယ်လေ။ အကြမ်းဖျင်းတော့ ဘားမှမသိရသေးဘူး။ ဒါပေမယ့် တစ်ရွာလုံးနီးပါးပဲလေ။ တပ်ကအားလုံးနေရာယူထားတယ်။ ဘယ်သူမှမရှိဘူး အဲ့နေရာမှာ။” လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါကျေးရွာမှာ ခန့်မှန်းအိမ်ခြေ ၃၀ ဝန်းကျင်ရှိပြီး ရွာလုံးကျွတ်နီးပါး ဖျက်ဆီးခံခဲ့ရတဲ့အတွက် မီးလောင်ပြာကျသွားတဲ့ နေအိမ်တွေ ရှိသလို ပြာမကျပေမယ့် တစ်အိမ်လုံးကို ရိုက်ဖျက်ခံထားရတဲ့ နေအိမ်တွေလည်း ရှိတယ်လို့ သိရပါတယ်။ လတ်တလော … Continue reading ရွာလုံးကျွတ်မီးရှို့ခံရတဲ့ လတူးကျေးရွာအနီး စစ်ကောင်စီတပ်က နေရာယူထားဆဲ၊ ဒေသခံတွေ နေရပ်မပြန်နိုင်သေး